000 cubic metre – tankers တွေ ဆိုက်ကပ်လုပ်ကိုင်ခွင့်ကို လက်ခံရရှိထားပြီး ဖြစ်ကြောင်း၊ LNG တွေကို စင်ကာပူက သင်္ဘောနဲ့ သယ်ဆောင်လာမည်ဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အရာရှိတစ်ဦးက ပြောသည်။ သင်္ဘောတစ်ခေါက်စာမှာ ၁၄ ရက်စာ အတွက် ဓာတ်ငွေ့လုံလောက်ကြောင်းလည်း သိရှိရပါသည်။ဆိပ်ခံဘောတံတားတည်ဆောက်မှု အချိန်မီမပြီးရင် စီမံကိန်းကြန့်ကြာနိုင်ကြောင်း စိုးရိမ်မှုကို ကုမ္ပဏီအရာရှိက လက်မခံပေ။ “FSU အတွက် ဆိပ်ခံဘောတံတားတည်ဆောက်ရတာ ပုံမှန်ဆိုရင်တော့ နှစ်လအထိကြာနိုင်တာ မှန်ပါတယ်၊ ဒါပေမဲ့ အရှိန်နှုန်းအပြည့် တွန်းလုပ်ရင် ၂၈ ရက် ဒါမှမဟုတ် တစ်လအတွင်း ပြီးအောင်လုပ်လို့ရပါတယ်” ဟု ပြောပါသည်။အချို့စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းတွေကလည်း အပြီးသတ်ဖို့ ကျန်ရှိသေးပုံရပါသည်။ အရေးကြီးဆုံးက လျှပ်စစ်ဝယ်ယူရေး သဘောတူညီချက် (Power Purchase Agreement) (PPA) ဖြစ်သည်။ ကုမ္ပဏီစုကို EPGE က အဲဒီနှုန်းအတိုင်း ပေးပြီး လျှပ်စစ်ဝယ်ရမည်ဖြစ်သည်။ တင်ဒါစာချုပ်တွင် PPA ကို ရက် ၁၅၀ နောက်ဆုံးထား လက်မှတ်ထိုးရန်ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် အပြီးသတ်လက်မှတ်ထိုးရမည်ဖြစ်သည်။PPA ကို စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ ဗဟိုဘဏ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာနတို့ထံ တင်ပြထားရကြောင်း အားလုံးက သဘောတူညီချက်ရပြီးရင် အမျိုးသားစီးပွားရေး ညှိနှိုင်းမှုကော်မတီ NECC ထံ တင်ပြရမည်၊ အဲဒီက သဘောတူပြီးမှ PPA ကို လက်မှတ်ထိုးလို့ရမည်။ “လျှပ်စစ်ပေးဝေမှု မစတင်မီ PPA လက်မှတ်ထိုးနိုင်အောင် အားလုံးအဆင်သင့်လုပ်ထားပါတယ်” ဟု ဦးသန်းနိုင်ဦးက ပြောပါသည်။ဖက်စပ်ကုမ္ပဏီ စည်းမျဉ်းသတ်မှတ်ချက်တွေကလည်း အချောသတ်ရန် ကျန်ရှိနေသေးသည်။ ဖေဖော်ဝါရီ ၁၀ ရက် VPower ၏ ထုတ်ပြန်ချက်တွင် ၎င်းနှင့် CNTIC ကုမ္ပဏီတို့သည် ရှယ်ယာပိုင်ရှင်များ၏ သဘောတူညီချက်နှင့် ပတ်သက်၍ ညှိနှိုင်းနေကြကြောင်း၊ ၎င်းတို့တွင် ရင်းနှီးမြှုပ်နှံမှုတာဝန်နှင့် ဖက်စပ်ကုမ္ပဏီတွင် စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်များပါဝင်ကြောင်း သိရှိရသည်။ ဧပြီလထဲတွင် ထုတ်လုပ်ရနိုင်သရွေ့ကို ပါဝါလိုင်းပေါ်တင်ပေးနိုင်ရန်အတွက် အချို့သောစည်းကမ်းသတ်မှတ်ချက်များကို လျော့ပေါ့ပေးရန် ဆွေးနွေးမှုများရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ရင်းမြစ်တစ်ခုထံမှ သိရှိရသည်။“နောက်ဆုံးသတ်မှတ်ရက်တွင် တစ်စိတ်တစ်ပိုင်းပြီးစီးနိုင်ရန် ရည်ရွယ်ပါသည်- စီမံကိန်းတစ်ခုလုံး သတ်မှတ်နေ့ရက်တွင် မပြီးစီးနိုင်သော်မှ စီမံကိန်း၏ ပထမအဆင့်ကို အနည်းဆုံးပြီးစီးနိုင်ရန် VPower ကို လိုလားနေတာဖြစ်သည်” ဟု အရာရှိတွေက ပြောပါသည်။EPGE အကြီးအကဲဖြစ်သူ ဦးသန်းနိုင်ဦးက အရေးပေါ်လျှပ်စစ်စီမံကိန်း ငါးခုစလုံး သတ်မှတ်ရက်တွင် ပြီးစီးနိုင်မည်ဟု သူရာနှုန်းပြည့် ယုံကြည်သည်ဟု ပြောပါသည်။ “ဒီစီမံကိန်းတွေ အချိန်မီပြီးနိုင်ပါ့မလားလို့ စိုးရိမ်မှုတွေ လူထုကြားမှာရော၊ စက်မှုလုပ်ငန်းက ကျွမ်းကျင်သူတွေရော ရှိနေကြတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ခုနေသံလျင်က လုပ်ငန်းခွင် သွားကြည့်ရင်တော့ ဘာမှ များများစားစားတွေ့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ပြောမယ်၊ စီမံကိန်းတွေအားလုံးအချိန်မီ ပြီးကို ပြီးမှာပါ”“သူတို့ အချိန်မီမပြီးရင် တင်ဒါစည်းကမ်းသတ်မှတ်ချက်ထဲကအတိုင်း ကုမ္ပဏီစုက ဒဏ်ကြေးပေးရမှာပေါ့၊ မပူပါနဲ့၊ ခြွင်းချက်တစ်ခုမှ မထားဘူး၊ အားလုံးဟာ ကန်ထရိုက်စာချုပ်အတိုင်းဖြစ်ရမှာပါ” ဟု သူက ပြောပါသည်။EPGE ဌာနကတော့ ဖြစ်ချင်ရာဖြစ် စွတ်လုပ်နေခြင်း ဟုတ်ပုံမရပါ။ ဌာန၏ facebook စာမျက်နှာတွင် ဖော်ပြထားသော Data များအရ ဓာတ်ငွေ့သုံးဓာတ်အားပေးရုံများ ထုတ်လုပ်မှု တိုးမြှင့်နေသည်ကို သိသာစွာ တွေ့မြင်ရသည်။ နွေရာသီတွင် ဆည်များမှ ရေအားသိပ်လျော့ကျမသွားအောင် ထိမ်းလိုသည့် သဘောနှင့် ဓာတ်ငွေ့သုံးအပိုင်းမှ မနှစ်ကထက်စာလျင် များစွာတိုးထုတ်ပေးနေသည်ကို မြင်တွေ့ရသည်။အကုန်အကျများလှသော ယာယီဖြေရှင်းမှုVPower နှင့် CNTIC တို့သည် ဒီနှစ်နွေရာသီ အခက်အခဲကို အံ့ဩဖွယ်ကျော်လွန်အောင်နိုင်ခဲ့လျင်သော်မှ (ယခုကြည့်ရတာလည်း အောင်မြင်မည့်ပုံပေါ်နေပါသည်။) ကြီးမားသော လျှပ်စစ်ပြဿနာအတွက် ယာယီဖြေရှင်းမှုသာ ဖြစ်ပါမည်။ ရေရှည်စွမ်းအင်စီမံကိန်းကြီးများအတွက် ရင်းနှီးမြှုပ်နှံမည့်သူများကို မဆွဲဆောင်နိုင်အောင် ဖြစ်လိမ့်မည်။အစိုးရအနေနှင့် ရေတိုလျှပ်စစ်ကန်ထရိုက်များအတွက် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတွေအပေါ်မှာသာ တိုး၍မီခိုနေရလိမ့်မည်။ ယခု VPower တစ်ဦးတည်းကပင် ၃၆၀ MW ထုတ်ပေးနေသည်။ ဒီနှစ်အတွင်း အရေးပေါ်လျှပ်စစ်စီမံကိန်း ငါးခုစလုံးထုတ်လုပ်လာသောအခါ စုစုပေါင်းတပ်ဆင်အင်အား 1500 MW ဖြင့် ငါးနှစ် သို့မဟုတ် ငါးနှစ်ထက်လျော့နည်းသော ကန်ထရိုက်စာချုပ်ဖြင့် ထုတ်လုပ်ပေးနေမည်။ဤရေတိုအရောင်းအဝယ်များသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုကုန်ကျပြီး ထိရောက်မှုလည်းနည်းပါးသည်။ ဓာတ်ငွေ့အသုံးပိုများလာသည်။ သို့သော် ဤကန်ထရိုက်များအမြဲလိုပင် သက်တမ်းထပ်တိုးကြရသည်။ ရပ်လိုက်လျှင် လျှပ်စစ်မလုံလောက်မှုပို၍ ဆိုးရွားမည်ဖြစ်သောကြောင့် ဖြစ်သည်။အငှားထုတ်လုပ်သော ကန်ထရိုက်များတွင် ထုတ်လုပ်ရေးကုန်ကျစရိတ် အလျင်အမြန်မြင့်တက်လာတတ်သဖြင့် အစိုးရမှာ လျှပ်စစ်ဈေးကို မြှင့်ရတော့လေရာ သုံးစွဲသူများနှင့် လုပ်ငန်းများ ထိခိုက်ကြရသည်။ ဝန်ကြီးဌာနမှ ကိန်းဂဏန်းများကို ကိုးကား၍ လွန်ခဲ့သော မတ်လက မြန်မာတိုင်းမ်တွင် ဤသို့ ဖော်ပြခဲ့သည်။ရေအားလျှပ်စစ် တစ်ယူနစ်ထုတ်လုပ်ဖြန့်ဖြူးကုန်ကျစရိတ်မှာ ၈၉ ကျပ်ဖြစ်ပြီး ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်ဖြန့်ဖြူးစရိတ်မှာ ၁၇၈ ကျပ်ဖြစ်သည်။ ဒီအချိန်တွင် အစိုးရက လျှပ်စစ်သုံးစွဲနေသူ လူထုအား တစ်ယူနစ် ၃၅ ကျပ်မှ ၅၀ ကျပ်နှင့် ပေးသုံးနေပြီး လုပ်ငန်းရှင်များကို ၇၅ ကျပ်မှ ၁၅၀ ကျပ် နှင့် ပေးရောင်းနေရလေရာ တစ်နှစ်၊ တစ်နှစ် အစိုးရစိုက်ငွေမှာ ဒေါ်လာ (သန်း ၅၀၀) ရှိသည်။ မနှစ် ဇွန်လက ငါးနှစ်အတွင်း ပထမဆုံးလျှပ်စစ်ဈေးနှုန်း တိုးမြှင့်မှုကို ကြေငြာလိုက်သည်။ နေအိမ်သုံးအတွက် တစ်ယူနစ် ၁၂၅ ကျပ်နှင့် လုပ်ငန်းသုံးအတွက် ၁၈၀ ကျပ် အထိ တိုးလိုက်သည်။အရေးပေါ်လျှပ်စစ်စီမံကိန်းများက ထုတ်လုပ်ရေးကုန်ကျစရိတ်ကို ထပ်တိုးမြှင့်လိမ့်မည်ဖြစ်ရာ သုံးစွဲသူများအတွက် လျှပ်စစ်ဈေးထပ်မြှင့်ရဖွယ်ရှိသည်ဟု ဝန်ကြီးဌာန ရင်းမြစ်တစ်ခုက ပြောပါသည်။ “လျှပ်စစ်အငှားထုတ်လုပ်မှုတွေကြောင့် လျှပ်စစ်ဈေးတွေ တအားတက်သွားတယ်၊ ဈေးတွေ မကြာမီက မြှင့်ခဲ့ပေမယ့် ထုတ်လုပ်ရေးကုန်ကျစရိတ်ထက် ပိုပေးတဲ့သုံးစွဲသူက နှစ်ရာနှုန်းတောင် မကျော်ဘူး” ဟု ပြောပါသည်။အခြေအနေကတော့ တာလတ်ကာလအတွင်း တိုးတက်လာဖွယ်အကြောင်းမမြင်ပါ။ “ဒါက ဒီတစ်ကြိမ်တည်းဖြစ်တဲ့ အကြပ်အတည်းမဟုတ်ပါ၊ လာမယ့်နှစ်တွေမှာလည်း ဒီအလွန် ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ အငှားလျှပ်စစ်ထုတ်လုပ်ရေးတွေကို သူတို့ အားကိုးနေရဦးမှာပါ၊ VPower က ဒီလိုပဲ တွက်ထားတာပဲ။ သူတို့တွက်တာက ဒီနှစ်မှာ (သာကေတ၊ သံလျင်နဲ့ ကျောက်ဖြူ) သူတို့ အနည်းဆုံး ၁၀ နှစ် နေကြရဦးမယ်။ဘင်္ဂလားဒေ့ရှ်မှာ ဒီအတိုင်းဖြစ်ခဲ့တာပဲလေ။ သူတို့အငှား လျှပ်စစ်နဲ့ ငြိနေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီ”အရေးပေါ်လျှပ်စစ် ကန်ထရိုက်တွေ ငါးနှစ်အကြာမှာ ထပ်သက်တမ်းတိုးခဲ့ရရင် LNG လျှပ်စစ်ထုတ်တဲ့ စီမံကိန်းတွေဟာ ရေရှည်မှာ အကုန်အကျများတဲ့ ယာယီကုထုံးတွေသာ ဖြစ်ပေလိမ့်မည်။အင်းစိန်ရွာမ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လုပ်ကိုင်နေသော MSG Group မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အငှား (သို့မဟုတ်) အရေးပေါ် စီမံကိန်းတွေဟာ ယာယီကြားဖြတ်ဖြေရှင်းနည်းသာ ဖြစ်သင့်ကြောင်း ပြောပြပါသည်။ “ဒါမျိုးတွေက ရေရှည်စီမံကိန်းလည်း ကိုယ့်မှာရှိထားမှသာ အဓိပ္ပာယ်ရှိတယ်။ အစိုးရမှာ ရေရှည်အမြင်နဲ့ စီမံကိန်းတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီရေရှည်စီမံကိန်းတွေကို အဓိကထားလုပ်ပါလိမ့်မယ်” ဟု ပြောပြပါသည်။အရေးပေါ်လျှပ်စစ်တင်ဒါတွေ လုပ်ခဲ့ကြပုံ မဟန်လှဘူး၊ (LNG-to-power) စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ်တာဖြစ်တော့ ရေတိုစီမံကိန်းအတွက် အသင့်တော်ဘူး၊ LNG ရရှိနေဖို့က ရေတိုရင်းနှီးမြှုပ်နှံမှုမဟုတ်ဘူး၊ ရင်းနှီးမြှုပ်နှံမဲ့ လူတွေအတွက် လုပ်နိုင်ကိုင်နိုင်အောင် ဒါတွေက အမြဲတန်း စီမံကိန်းတွေပဲ ဖြစ်သင့်တယ်” ဟု သူက ပြောပါသည်။အစိုးရအနေနှင့် (သာကေတ၊ သံလျင်နှင့် ကျောက်ဖြူ) ရှိ LNG-to-Power) စီမံကိန်းတွေနှင့် ပတ်သက်ပြီး နောက်ငါးနှစ် ကြာရင်ဘာလုပ်ဖို့ကြံရွယ်ထားတယ်ဆိုတာတွေ အပါအဝင် ပို၍ ပွင့်လင်းမြင်သာရှိသင့်ကြောင်း သူက တိုက်တွန်းထားပါသည်။ ရင်းနှီးမြှုပ်နှံသူတွေနှင့် တိုက်ရိုက်ညှိနှိုင်းခြင်းဖြင့် စီမံကိန်းတွေရဲ့ ရေရှည်အနာဂတ်ကို ဖြေရှင်းနိုင်ကြောင်းလည်း သူက အကြံပြုသည်။“သူတို့ (အစိုးရ)အနေနဲ့ ဒီစီမံကိန်းတွေဟာ ငါးနှစ်အတွက်တာပဲလား၊ နောက်အမြဲတမ်းအတွက်လားဆိုတာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်” အခြားလျှပ်စစ်ထုတ်လုပ်ရေးနည်းတွေ စဉ်းစားဖို့ရန် အခြားကျွမ်းကျင်သူတွေကလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို တိုက်တွန်းနေကြသည်။ ဝန်ကြီးဌာန၏ စွမ်းအင်အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော Mr. Guillaume de Langre က မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရန် စွမ်းအင်အရေးအပေါ်လိုအပ်လျက်ရှိရာ “အငှားစွမ်းအင်ထောင်ချောက်” ထဲ မကျမိဖို့ သတိကြီးစွာ ထားရန်လိုကြောင်း ပြောပါသည်။“အဲဒါကို ရှောင်ရှားနိုင်ရန် မြန်မာအတွက် တစ်ခုတည်းသော အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံးကတော့ နေစွမ်းအင်ဆိုလာ စွမ်းအင်ပါပဲ။ ၆၀ ရာနှုန်းပိုဈေးသက်သာပြီး ၁၈ လ အတွင်း တည်ဆောက်အကောင်အထည်ဖော်လို့ရတယ်”ဟု ၎င်းကပြောသည်။ ဦးကိုကို ဘာသာပြန်သည်။ခေါင်းစီးဓာတ်ပုံ- VPower နှင့် CNYIC တို့သည် ရေတို LNG-to-Power စီမံကိန်း နှစ်ခု အကောင်အထည်ဖော်ရန်အတွက် သီလဝါရှိ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်မြေကို ငှားရမ်းရရှိခဲ့သည်။ ဇန်နဝါရီလနှောင်းပိုင်းက အဆိုပါနေရာသို့ Frontier ရောက်သွားရာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စရုံသာရှိသေးသည်။ ဓာတ်ပုံ-ခွန်လတ်”