တပ်ကိုစွန့်ခွာတဲ့ စစ်သားအရေအတွက် မြင့်တက်လာချိန်မှာ တပ်မတော်ဟာ သူ့တပ်တွင်းစည်းလုံးညီညွတ်မှုကို ရေရှည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
ရေးသားသည်။

  

တပ်ကိုစွန့်ခွာတဲ့ စစ်သားအရေအတွက် မြင့်တက်လာချိန်မှာ တပ်မတော်ဟာ သူ့တပ်တွင်းစည်းလုံးညီညွတ်မှုကို ရေရှည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
ကမ္ဘာတဝန်း အဆင့်မြင့်လူသုံးကုန်ပစ္စည်းများလိုအပ်မှုမြင့်မားလာသဖြင့် ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှု များလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသည်။
မကြာသေးခင်ကထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံဟာ ‘ကျရှုံးနိုင်ငံ’ ဖြစ်သွားလေမလားဆိုတဲ့ ဆွေးနွေးချက်မှာ ပိုကြီးတဲ့ပြဿနာတစ်ခုကို ထည့်တွက်ပြီး စဉ်းစားကြပုံ မပေါ်ပါဘူး။
မျက်မှောက်ရေးရာ

ရန်ကုန်၊ ဇွန် ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရခိုင်ကျေးရွာအချို့မှ တိုင်းရင်းသားများသည် လွန်ခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်ခဲ့သော လုံခြုံရေးဆိုင်ရာ ကောလာဟလများကြောင့် မိမိတို့အိုးအိမ်များကို ခေတ္တစွန့်ခွာကာ အခြားလုံခြုံရာနေရာများသို့ တိမ်းရှောင်နေကြသည်။

ရန်ကုန်၊ ဇွန် ၂၈

သတင်းလောကနှင့် တပ်မတော်တို့အကြား သဘောထား ကွာဟနေမှုကို စိတ်မကောင်းဖြစ်ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က Frontier ကို ပြောသည်။

နေပြည်တော်၊ ဇွန် ၂၈

လွန်ခဲ့သောနှစ်ရက်က တပ်မတော်က ဖမ်းဆီးထားသည့် သတင်းထောက်သုံးဦးအား သီပေါထောင်တွင် ထိန်းသိမ်းထားပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကြီးက Frontier ကို အတည်ပြုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များအား ပြည်သူတိုင်း မျှဝေ ခံစားနိုင်ရေး ရည်မှန်းဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အား  နောက်ထပ်နှစ်နှစ် သက်တမ်းတိုး ဆောင်ရွက်သွားရန် မြန်မာအစိုးရနှင့် သဘောတူညီခဲ့ကြသည်။ ကမ္ဘာ့ဘဏ်က လက်ရှိဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အား ပြန်လည်သုံးသပ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု.

နေပြည်တော်၊ ဇွန် ၂၇

သတင်းထောက်သုံးဦးအပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားပြီး လားရှိုးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အပ်နှံထားသည်ဟု ယမန်နေ့ကတည်းက တပ်မတော်က သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ ညဦးပိုင်းအချိန်ထိ မည်သည့်ရဲစခန်းသို့မှ ရောက်ရှိနေခြင်းမရှိသေးဟု သိရသည်။

အမေရိကန်ဒေါ်လာ သန်း ၃၈၅ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ကျင်းပသည့် ဖမ်းမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် တရားဝင် အခမ်းအနားသုံးခုတွင် ဖျက်ဆီးခဲ့သည်ဟု အဆင့်မြင့် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူနှင့် ဆက်သွယ်ပြီး ပြန်လာသည့် သတင်းထောက်သုံးဦးအပါအဝင် စုစုပေါင်း လူ ၇ ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ ညနေပိုင်းတွင်သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၂၆

ယနေ့ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံနောက်ဆုံးနေ့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက်သတင်းထောက်တွေက သပိတ်မှောက်လိုက်ကြတယ်လို့ ဧရာဝတီသတင်းဌာန၊ အကြီးတန်းသတင်းထောက် ကိုကျော်ခက Frontier ကို ပြောပါတယ်။

အတွေးအမြင်

ဒို့အသံ

ဒို့အသံ

Latest Issue