
Members Only
Consider being a Frontier Member.
ဦးလွင်မိုးက ဝယ်ယူထားသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာမှ မြေတစ်ကွက်ကို ဗိုလ်မှူးစောနေဗလုကလည်း ပိုင်ဆိုင်သည်ဟုဆိုကာ အငြင်းပွားနေကြခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် သံဃာ့နာယကအဖွဲ့ ဆိုင်းဘုတ်များနှင့် စင်ပြိုင်ကာ စိုက်ထူထားသည့် မဘသအဖွဲ့၏ ဆိုင်းဘုတ်များကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နှင့် သံဃာ့နာယကအဖွဲ့တို့က ပူးပေါင်းကာ ဖယ်ရှားပေးရန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မဟနက ညွှန်ကြားစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ကျေးရွာသားများအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယို ပေါ်ထွက်လာပြီးနောက် အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျှက်ရှိသည်ဟု ပြန်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံမှ အဖွဲ့အစည်းတစ်ခုက ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအတွက် အကူအညီများကို သင်္ဘောဖြင့် သယ်ဆောင်လာကာ တိုက်ရိုက်သွားရောက်ပေးပို့မည်ဟု ကြေညာထားပြီးနောက်ပိုင်း အစိုးရက ယခုကဲ့သို့ တရားဝင် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
တပ်မတော်ကဆင်နွှဲနေသော တိုက်ပွဲများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တရားသောစစ်ပွဲသာဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပြီး တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း အစွန်းရောက်သူများအဖြစ် စွပ်စွဲလိုက်သည်။
လူတစ်ဦး၊ တစ်စုတစ်ဖွဲ့က အာဏာအလွဲသုံးပြီး ပြည်သူအပေါင်းကို စိတ်အလိုရှိတိုင်း ဖိနှိပ်ချုပ်ချယ်၊ ညှဉ်းပန်းနှိပ်စက်နိုင်တဲ့နိုင်ငံဆိုတာ အမှန်တကယ်လွတ်လပ်တဲ့ နိုင်ငံလို့မဟုတ်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပယ်မဲတွေ လျော့နည်းသွားစေဖို့အတွက် ယခင်အကြိမ်တွေတုန်းက ကျင့်သုံးခဲ့တဲ့ အမှားအယွင်းမခံခဲ့တဲ့ မဲပေးပုံနည်းစနစ်ကို အပြောင်းအလဲ အနည်းငယ် လုပ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားလိုက်ပါတယ်။
Opinion
Doh Athan
Doh Athan
Latest Issue
Become a Frontier Member
Support our independent journalism and get exclusive behind-the-scenes content and analysis
Get exclusive daily updates
Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.
Join the community
Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar