ကျားများ၊ သင်းခွေချပ်များနှင့် အခြားမျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မျိုးစိတ်များကို စီးပွားဖြစ် မွေးမြုခွင့်ပြုမည့် မြန်မာနိုင်ငံ၏ဥပဒေ ရုတ်တရက်ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ ရှားပါးတောရိုင်းတိရစ္ဆာန် ထုတ်ကုန် ဝယ်လိုအား ပိုမိုမြင့်မားဆိုးရွားစေနိုင်ကြောင်း သတိပေးပြောကြားသည်။

COVID-19 စတင်ဖြစ်ပွားချိန်တွင် ပုဂ္ဂလိက ပုံနှိပ်နှင့် အွန်လိုင်းသတင်းဌာနများမှာ အခက်အခဲကြုံနေပြီဖြစ်ပြီး ကူးစက်ရောက်ဂါနောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုများမှ မီဒီယာအဖွဲ့အစည်းအချို့ ပြန်လည်ဦးမော့လာဖွယ်မရှိချေ။

COVID-19 ကူးစက်မှုကြောင့် ကူးသန်းသွားလာမှုကန့်သတ်ထားပြီး နေအိမ်မှာပင်နေရန် တိုက်တွန်းချက်ထုတ်ထားသည့် မြန်မာနိုင်ငံ၌ ညဝတ်အင်္ကျီဝတ်ထားပြီး စားဖိုမှူးဦးထုပ်ဆောင်းထားသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ငါးခူစွပ်ပြုတ်မှစ၍ ငရုတ်သီးရဲရဲ ဖားသားကြော်များအထိ ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ပြီး အချက်အပြုတ်စွမ်းရည်ကို ပြသနေပြီဖြစ်သည်။