ဒီတစ်ပတ်မှာတော့ ‘ဒို့အသံ’ ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။
‘ဒို့အသံ’ အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။
Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
“WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ”
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။
စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။
ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။