Consider being a Frontier Member.
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်လုံခြုံရေးအတွက် ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိဖွဲ့စည်းသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော်တွင် ယနေ့၊ မတ် ၁၃ ရက်နေ့က ပြောကြားသည်
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ကျဆုံး၊ ပျောက်ဆုံးကျန်ရစ်ခဲ့သည့် အမေရိကန်စစ်သည်များ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စုသို့ မတ် ၁၂ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်ဖြစ်ပွားပြီး နောက်တစ်နေ့တွင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာသည် မြေပြင်ပေါ်ရှိ အဖြစ်မှန်အခြေအနေများကို လိုရာဆွဲ၍ မမှန်မကန် ပုံဖျက်ထားခြင်းသာဖြစ်သည်ဟု နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်အခြေစိုက် think tank တစ်ခုဖြစ်သော Transnational Institute (TNI) ကစွပ်စွဲလိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲမော်အပါအဝင် သုံးဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ် ၁၀ ရက်နေ့ ညနေပိုင်းတွင် ကြေညာသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က မတ် ၁၀ ရက်နေ့တွင် ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
အတွေးအမြင်
ဒို့အသံ
ဒို့အသံ
Latest Issue
BE A FRONTIER MEMBER
Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters
SUBSCRIBE TO OUR PRINT + DIGITAL MAGAZINE
Our fortnightly magazine is available in print, digital, or a combination beginning at $80 a year
Join the community
Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar