Consider being a Frontier Member.
ပြည်ထောင်စုလွှတ်တော်က အသုံးစရိတ်များ လျော့ချ ဖြတ်တောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဌာနနှစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် စုစုပေါင်း ဌာန ခြောက်ခုတို့ကို ဖြတ်တောက်ခဲ့ခြင်း မရှိပေ။
ယခုလကုန်မှာ စတင်ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။
အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ သြဂုတ် ၁၉ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲများမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခြင်း မဟုတ်ဟု တပ်မတော်က သြဂုတ် ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယကွန်မန်ဒို အနည်းဆုံး ၃၀ ခန့်သည် မြန်မာနိုင်ငံနယ်စပ်ကို ကျော်ဖြတ်ကာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K ၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံမှ Hindustan Times သတင်းစာက နာဂလန်းဒေသ အာဏာပိုင်များကို ကိုးကားကာ ရေးသားထားသည်။
အစိုးရဟောင်းလက်ထက်က တရားမဝင်သစ်ဖမ်းဆီးရမိမှု ပမာဏနှင့် လက်ရှိအစိုးရ၏ ပထမရက် ၁၀၀ အတွင်း ဖမ်းဆီးမှုကို လအရေအတွက်ဖြင့် ပျမ်းမျှ တွက်ချက်ကြည့်ရာ၌ လက်ရှိအစိုးရက တစ်လလျှင် တန် ၁,၀၀၀ နီးပါး ပိုမို ဖမ်းဆီးနိုင်ခဲ့ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီပံ့ပိုးပေးသွားမည်ဟု တရုတ်သမ္မတ မစ္စတာရှီကျင့်ဖိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပေကျင်းမြို့တွင် သြဂုတ် ၁၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
၂၀၁၁ ခုနှစ်ကတည်းက ရပ်တန့်ထားခဲ့သည့် မြစ်ဆုံဆည် စီမံကိန်းကိစ္စကို ဖြေရှင်းပေးနိုင်ရန် အစိုးရသစ်အနေဖြင့် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟု တရုတ်သံတမန်တစ်ဦးက ပြောကြားသည်။
အိန္ဒိယနှင့် နာဂလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကူးစက်ရောဂါ ဆိုးဆိုးရွားရွား ခံစားနေရသော နာဂဒေသသို့ သွားရောက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိကြောင်း နာဂလူမှုအဖွဲ့အစည်းများက ပြောကြားသည်။
Opinion
Doh Athan
Doh Athan
Latest Issue
Become a Frontier Member
Support our independent journalism and get exclusive behind-the-scenes content and analysis
Get exclusive daily updates
Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.
Join the community
Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar