မြန်မာနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံး ကျောက်စိမ်းတွင်း လုပ်သား ၁၇၄ ဦး သေဆုံးပြီးနောက် အဆင့်မြင့် အရာရှိကြီး နှစ်ဦးအား “၎င်းတို့၏ တာဝန်ဝတ္တရားများပျက်ကွက်မှု”ဖြင့် ဇူလိုင် ၆ ရက်က အလုပ်မှထုတ်ပယ်ခဲ့ကြောင်းသိရသည်။

COVID-19 ကူးစက်မှုကြောင့် ကူးသန်းသွားလာမှုကန့်သတ်ထားပြီး နေအိမ်မှာပင်နေရန် တိုက်တွန်းချက်ထုတ်ထားသည့် မြန်မာနိုင်ငံ၌ ညဝတ်အင်္ကျီဝတ်ထားပြီး စားဖိုမှူးဦးထုပ်ဆောင်းထားသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ငါးခူစွပ်ပြုတ်မှစ၍ ငရုတ်သီးရဲရဲ ဖားသားကြော်များအထိ ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ပြီး အချက်အပြုတ်စွမ်းရည်ကို ပြသနေပြီဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာရှိ နေအိမ်များ မေ ၁၆ ရက်တွင် မီးရှို့ခံရမှုတွင် တပ်မတော်၏လက်စလက်နက်များကို တွေ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့(HRW) က မေ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။

အရှေ့တောင်အာရှ၏ ဓာတုမူးယစ်ဆေးဝါး အမြောက်အမြား မြန်မာနိုင်ငံတွင်း၌ ဖမ်းဆီးရမိသည်မှာ မူးယစ်ဆေး စံချိန်တင်ထုတ်လုပ်နေခြင်းကို လှစ်ဟပြနေသကဲ့သို့ ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။