မျက်မှောက်ရေးရာ
Consider being a Frontier Member.
ကမ္ဘာ့နိုင်ငံအသီးသီး၏ စစ်အင်အားများကို ဖော်ပြသည့် Global Fire Power Index 2017 အရ မြန်မာနိုင်ငံ၏ စစ်အင်အားမှာ အဆင့် ၃၁ တွင် ရှိနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်ရှိ မီးလောင်ခံထားရသည့် ရိုဟင်ဂျာကျေးရွာများ၏ နေရာတွင် မြန်မာအစိုးရက လုံခြုံရေးဆိုင်ရာ အဆောက်အဦးများကို ဆောက်လုပ်နေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI) က ယနေ့ ပြောကြားသည်။ ထိုသို့ဆောက်လုပ်နေခြင်းက ရိုဟင်ဂျာ သိန်းပေါင်းများစွာအား ပြန်လည်လက်ခံမည့် မြန်မာအစိုးရ၏ အစီအစဉ်အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်ပြီးစီးသည့် လူ ၃၀၀ ကျော်၏ စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်သို့ ယနေ့ပြန်လည်ပေးပို့မည်ဖြစ်ပြီး ပထမအသုတ် ပြန်လည်လက်ခံရေးအစီအစဉ်ကို မကြာမီ စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြပီး ဒေါက်တာ ဝင်းမြတ်အေးက Frontier ကိုပြောသည်။
ဒုက္ခသည်စခန်းမှ ပြီးခဲ့သည့် တစ်လခွဲခန့်က ပျောက်ဆုံးသွားသည့် ကချင်အမျိုးသားနှစ်ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် အမှုဖွင့် စုံစမ်းနေသည်ဟု အစိုးရက ပြောကြားသည်။
မြန်မာအစိုးရက ရိုဟင်ဂျာများကို လူမျိုးစုအလိုက် ရှင်းလင်းမှု လုပ်ဆောင်လျက်ရှိသည်ဆိုသည့် ကုလသမဂ္ဂ၏ စွပ်စွဲချက်အား မြန်မာအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပယ်ချခဲ့သည်။
အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအား ၂၀၁၆ ခုနှစ်အတွင်းက ပြုလုပ်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူ ဦးပါမောက္ခ အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
ပြီးခဲ့သည့်လများက ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် မတ် ၇ ရက်နေ့ တစ်နေ့ထဲ၌ ကျပ် သိန်း ၃၂,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို နေရာနှစ်နေရာမှ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
အတွေးအမြင်
ဒို့အသံ
ဒို့အသံ
Latest Issue
BE A FRONTIER MEMBER
Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters
SUBSCRIBE TO OUR PRINT + DIGITAL MAGAZINE
Our fortnightly magazine is available in print, digital, or a combination beginning at $80 a year
Join the community
Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar