Episode 30: မြောက်ဦး ပဋ္ဋိပက္ခနောက်ဝယ် (အင်္ဂလိပ်ဘာသာ)

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်လောက်တုန်းက မြောက်ဦးမြို့မှာ ကန့်ကွက်ဆန္ဒပြနေတဲ့ လူအုပ်ထဲကို ရဲက ပစ်ခတ်လို့ လူ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

ရခိုင်မင်းနေပြည်တော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနားကို မပြုလုပ်ဖို့ ဒေသအာဏာပိုင်တွေက တားမြစ်ခဲ့လို့ ဒီဆန္ဒပြပွဲက စတင်ဖြစ်ပေါ်လာခဲ့တာပါ။

ရိုဟင်ဂျာ အများစုပါဝင်တဲ့ လူ ခုနစ်သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြခဲ့တဲ့ ကိစ္စရပ်အပြီး ဒီအဖြစ်အပျက်က ရခိုင်ပြည်နယ်ကို အကျပ်အတည်း ထဲရောက်အောင် ပိုတွန်းပို့သလို ဖြစ်လာနေပါတယ်။

ဒီလို ဖိအားများလာမှုနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအပြီး လျစ်လျူရှုထားမှုတွေအပေါ် မြောက်ဦးမြို့ အနီးတစ်ဝိုက်က ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေက မြန်မာအစိုးရကို အပြစ်တင်နေကြဆဲပါ။

ဒီအစီအစဉ်ကို အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်ထားတာဖြစ်ပြီး မြန်မာဘာသာအစီအစဉ်ကိုတော့ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။