မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ဒေါ်လာ ၁၈ သန်းတန် စိတ်ကြွဆေးများကို မလေးရှား ဖမ်းမိ

အေအက်ဖ်ပီ

မြန်မာနိုင်ငံကနေ တင်ပို့လိုက်တဲ့ လက်ဖက်ခြောက်ထုတ်တွေထဲကနေ စိတ်ကြွဆေး ၁ ဒသမ ၂ တန်ကို စံချိန်တင် ဖမ်းမိခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

အကောက်ခွန်အရာရှိတွေဟာ ကွာလာလမ်ပူမြို့ပြင်မှာရှိတဲ့ ပို့ကလန်မှာ မေ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း Crystal math မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် လူခြောက်ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၈ သန်းလောက် တန်ဖိုးရှိတဲ့ ဒီအထုတ်တွေကို ရန်ကုန်ကနေ ကွန်တိန်နာတွေနဲ့ ပေးပို့ခဲ့တာဖြစ်တယ်လို့ အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် Subromaniam Tholasy က ပြောပါတယ်။

အခုဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးတွေဟာ အလေးချိန်အရရော၊ တန်ဖိုးအရပါ မလေးရှားမှာ အများဆုံးဖမ်းဆီးရမိခဲ့တာလို့ Subromaniam က ဆိုပါတယ်။

“ဒီမူးယစ်ဆေးတွေက ပြည်တွင်းဈေးကွက်အတွက်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒါဟာ ဒေသခံရာဇဝတ်ဂိုဏ်းတွေနဲ့ မြန်မာရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ချက်ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။

အသက် ၂၂ နှစ်ကနေ ၄၈ နှစ်အကြားရှိတဲ့ မလေးရှားနိုင်ငံသားသုံးဦးနဲ့ မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးထားတယ်လို့လည်း သူက ဆိုပါတယ်။

မလေးရှားရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးကုန်သွယ်ကြောင်း အပြစ်ရှိရင် သူတို့ဟာ သေဒဏ်ကျခံရမှာဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar