ဒီတစ်ပတ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း “မူးယစ်ဆေးစွဲမှုဒဏ်ကို လူထုအားဖြင့် တန်ပြန်တိုက်ခိုက်” ခဲ့တဲ့ သတင်းဆောင်းပါးကို တင်ဆက်ပေးသွားမှာပါ။
“ဈေးသွားရောင်းတဲ့အခါတိုင်း အိမ်မှာ မိန်းမနဲ့ကလေးတွေ ကလေးတစ်ယောက်ကလည်း ဒုက္ခိတဆိုတော့ ဆေးသမားတွေက သတ်ပဲသတ်သွားမလား။ အဓမ္မများကျင့်သွားမလား။ လုပဲလုမလား စိုးရိမ်ပူပန်နေရတယ်”
ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ပူးတွဲအကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် အဆိုပါယန္တရားများ၏ ထိရောက်မှုနှင့် မြေပြင်လက်နက်ကိုင်အဖွဲ့များအကြား မည်မျှအထိ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မည်ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
Frontier ရေးသားသည်။