“ဒါပေမဲ့ လုပ်ငန်းတွေကို စီမံကြီးကြပ်ဖို့နဲ့ ဆက်ပြီးလည်ပတ်ဖို့အတွက်ကျတော့ (နိုင်ငံခြားသားတွေ) မြန်မာပြည်ပြန်လာဖို့ လိုကိုလိုအပ်နေတယ်”

ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ရုံသည် ယခုအပတ်တွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်သော်လည်း သီလဝါ၌ ဆိပ်ခံတည်ဆောက်ခြင်းမှာ ကြန့်ကြာနေသည့်အတွက် အပြည့်အဝလည်ပတ်ရန် အချိန်အတော်ကြာဦးမည်ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်အတွက် တင်ဒါများကိုခေါ်ယူခဲ့သော်လည်း နိုင်ငံတစ်ဝန်း ခရီးသွားလာမှုကန့်သတ်ထားမှု နှင့် နိုင်ငံတွင်းဝင်ရောက်မှု ပိတ်ပင်ထားချိန်တွင် တင်ဒါအတွက် ပြင်ဆင်ချိန် တစ်လသာ ရရှိသည့်အတွက် စိတ်ပျက်မှုများရှိနေပြီဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း၌ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်များကြောင့် မူးယစ်မှောင်ခိုနှင့် ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံကိုဖြတ်ပြီး မူးယစ်ဆေးဝါးတင်ပို့ရန်အတွက် လမ်းကြောင်းသစ်များကို ရှာဖွေနေကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ခဲ့သည်။