Episode 31: မြောက်ဦး ပဋ္ဋိပက္ခနောက်ဝယ် (မြန်မာဘာသာ)

မင်္ဂလာပါရှင်။ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်ရဲ့ ဒို့အသံ အစီစဉ်မှာ အပိုင်းနှစ်ပိုင်းခွဲကာ တင်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်လောက်တုန်းက မြောက်ဦးမြို့မှာ ကန့်ကွက်ဆန္ဒပြနေတဲ့ လူအုပ်ကို ရဲက ပစ်ခတ်ခဲ့လို့ လူ ခုနစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ရခိုင်မင်းနေပြည်တော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနားကို မပြုလုပ်ဖို့ ဒေသအာဏာပိုင်တွေက တားမြစ်ခဲ့လို့ ဒီဆန္ဒပြပွဲက စတင်ဖြစ်ပေါ်လာခဲ့တာပါ။

ရိုဟင်ဂျာ အများစုပါဝင်တဲ့ လူ ခုနစ်သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြခဲ့တဲ့ ကိစ္စရပ်အပြီး ဒီအဖြစ်အပျက်က ရခိုင်ပြည်နယ်ကို အကျပ်အတည်း ထဲရောက်အောင် ပိုတွန်းပို့သလို ဖြစ်လာနေပါတယ်။ ဒီလို ဖိအားများလာမှုနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအပြီး လျစ်လျူရှုထားမှုတွေအပေါ် မြောက်ဦးမြို့ အနီးတစ်ဝိုက်က ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေက မြန်မာအစိုးရကို အပြစ်တင်နေကြဆဲပါ။

ဒီဆောင်းပါး အပြည့်အစုံ ကို ဒို့အသံအစီအစဉ် အပိုင်း(၁)မှာ နားဆင်ရမှာဖြစ်ပါတယ်။

အစီအစဉ်ရဲ့အပိုင်း (၂)မှာတော့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးက အလုပ်အကိုင်အခွင့်အလမ်းပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ၊ ကျောင်းမှာ သင်ရတာတွေက လုပ်ငန်းခွင်မှာ တကယ်အသုံးဝင်ရဲ့လားဆိုတဲ့ မေးခွန်းတွေအပေါ် လူငယ်တွေရဲ့ အမြင်ကို ဆက်လက် နားဆင်ရမှာ ဖြစ်ပါတယ်။

အပိုင်း (၁)