တရုတ်ဖိအားများနှင့်အတူ ပြန်အသက်ဝင်လာသည့် မူဆယ်-ကျောက်ဖြူ ရထားလမ်း တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်ဖြစ်လာမည့် မူဆယ်–ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် နှစ်ရှည်ကြန့်ကြာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုများနှင့်အတူ ယခုနှစ်အစောပိုင်းတွင် ပြန်လည်အသက်ဝင်လာခဲ့သည်။ ယင်းစီမံကိန်းက နိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည်လားဆိုသည့်အပေါ် စောင့်ကြည့်လေ့လာသူများက မေးခွန်းထုတ်နေကြသည်။
ကာချုပ်သစ်ရဲ့ဗျူဟာအပြောင်းအလဲနဲ့ စစ်ကိုင်းထိုးစစ် စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။
တော်လှန်ရေးနယ်မြေကို စီမံခန့်ခွဲခြင်း – ဒေသဆိုင်ရာ ဖက်ဒရယ်ယူနစ်များ၏ ခရီးစဥ် စတင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ပူးတွဲအကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် အဆိုပါယန္တရားများ၏ ထိရောက်မှုနှင့် မြေပြင်လက်နက်ကိုင်အဖွဲ့များအကြား မည်မျှအထိ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မည်ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..."
အကြွေးနွံထဲက ဝမ်းရေးခက်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လယ်သမားများ လောင်စာဆီဈေးမြင့်တက်မှု၊ ဓာတ်မြေသြဇာနဲ့ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာမှု ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က စပါးစိုက်တောင်သူ လယ်သမားတွေဟာ အကြွေးနွံနစ်ပြီး ဆင်းရဲဒုက္ခတွင်းထဲ ပိုနက်လာစေပါတယ်။
အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။
Doh Athan Story Podcast Training (Batch 2) နိုင်ငံတကာဆုရပေါ့ကတ်စ်ခုဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသံဆောင်းပါးတွေကို အထူးပြု ထုတ်လွှင့်လျှက်ရှိတဲ့ ဒို့အသံ (Doh Athan) က စီစဥ်ထားတဲ့ အခမဲ့ ပေါ့ကတ်စ်သင်တန်းကို လျှောက်ထားနိုင်ပါတယ်။
ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက ဒီတစ်ပတ် ဒို့အသံပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကို တင်ဆက်ပေးသွားမှာပါ။
ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။
ဘန်ကောက်မြို့လယ်က မောင့်မျက်ရည်ဝိုင်း ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ်... ဒီစာသားလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က တိုက်ခန်းတစ်ခုရဲ့ ကက်ဆက်ကနေ လွင့်ပျံထွက်လာပါတယ်။
တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒီဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
နည်းပညာဖိနှိပ်မှုများကြားက တော်လှန်ပြည်သူများ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။