တနင်္သာရီ ကမ်းမြောင်တစ်လျှောက် သွားရောက်ခြင်း

တနင်္သာရီ တိုင်းဒေသကြီးသို့ အလည်အပတ် သွားကြသူ နိုင်ငံခြားသား ခရီးသွား အနည်းအကျဉ်းသာ ရှိသည့်တိုင် သွားရောက်ကြသူများမှာ ရင်သပ်ရှုမောဖွယ်ရာ ကမ်းခြေများ၊ လူသူအရောက်အပေါက်နည်းသော ကျွန်းများနှင့် ကာလရှည်ကြာ မေ့လျော့ထားခဲ့သော ကိုလိုနီတပ်စခန်းများကို တွေ့ရှိရပေလိမ့်မည်။

မာကပ်စ် အယ်လင်ဒါ ရေးသားသည်။

လွန်ခဲ့သော သုံးနှစ်ခန့်အထိ ရန်ကုန်မြို့မှ တောင်ဘက်သို့ ခြေဆန့်ကြသည့် နိုင်ငံခြားသားများအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ခရီးလမ်းဆုံး ဖြစ်ပြီး အနည်းအကျဉ်းသာ ထို့ထက်ပိုဝေးသော နေရာသို့ သွားနိုင်ခဲ့ကြသည်။ ထားဝယ်နှင့် မြိတ်ကဲ့သို့ မြို့နယ်များဆီသို့ လေယာဉ်ဖြင့် သွားနိုင်ခြေရှိခဲ့သော်လည်း မြို့နယ်နိမိတ်ကို ကျော်လွန်သွားရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ယနေ့မူ အခြေအနေ ပြောင်းသွားခဲ့ပေပြီ။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အဖြစ် ရှိနေသော တနင်္သာရီတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အကြား မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့အတွင်းဝယ် ခပ်မြှောင်းမြှောင်း တည်ရှိသည့် အပူပိုင်းဇုန် ကမ်းရိုးတန်းရှည်ကြီးကို ယခုအခါ မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းသို့တိုင် ဖွင့်ပေးလိုက်ရာ စူးစမ်းလေ့လာမှုအတွက် အချိန်ကောင်းပင် ဖြစ်သည်။

နေရာအချို့သို့ ရထား၊ သင်္ဘော၊ သို့မဟုတ် လေကြောင်းဖြင့် သွားနိုင်ပြီ ဖြစ်သော်လည်း မကြာမီကမှ အဆင့်မြှင့် မွမ်းမံထားသော ကားလမ်းမှာ ကမ်းမြှောင်တစ်လျှောက် သွားနိုင်မည့် တစ်ခုတည်းသော လမ်းအဖြစ် ရှိနေသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ မဖွံ့ဖြိုးသေးသည့် နေရာအချို့တွင် အားပေးမြှင့်တင်ပေးနေဆဲ ဖြစ်ပြီး စတိုင်ပင် ကျနေသေးသည့် နှစ်လိုဖွယ် ဟိုတယ်အချို့လည်း ရှိနေသည်။ သို့သော် ဤဒေသ၏ သိသိသာသာ မဖွံ့ဖြိုးဘဲ နောက်ကျကျန်ရစ်ခဲ့မှုကပင် ယင်း၏ အကြီးမားဆုံး ဆွဲဆောင်မှု ဖြစ်ဖွယ်ရာရှိသည်။

သေမင်းတမန် ရထားလမ်းနှင့် ငိုက်မြည်းနေသည့် ရေးမြို့

မော်လမြိုင်မြို့တောင်ဘက် ကီလိုမီတာ ၆၀ အကွာတွင် သံဖြူဇရပ်မြို့ကို သင် တွေ့ရှိနိုင်ပေသည်။ သို့သော် ထိုင်း-မြန်မာ ရထားလမ်း (မရဏ ရထားလမ်းဟုလည်း လူသိများသည်) အနောက်ဘက် ဘူတာဂိတ်ဆုံးနှင့် မဟာမိတ်စစ်ပွဲ အမှတ်တရ ဂူသချုႋင်းများမှလွဲ၍ ထူးခြားမှု တစ်စုံတစ်ရာ မရှိလှပေ။

ဗြိတိသျှ ဓနသဟာယ စစ်သချုႋင်း ကော်မရှင်အဖွဲ့က သပ်ရပ်လှပစွာ ထိန်းသိမ်းထားသော ဤစစ်သချုႋင်းမှာ မိသားစု အဆက်အနွယ်ရှိသူတစ်ဦး၊ သို့မဟုတ် မြန်မာနိုင်ငံ၏ ရှုပ်ထွေးပြီး ရက်စက်ကြမ်းတမ်းသော ဒုတိယ ကမ္ဘာစစ်သမိုင်းကို စိတ်ဝင်စားသူများ သွားရောက်လည်ပတ်ထိုက်သည့် နေရာတစ်ခုပင်ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာမှာ ယခုအချိန် အသုံးမပြုတော့သည့် ရထားလမ်းကို ကရော်ကမည် ဆောက်လုပ်ထားသော ပြတိုက်သစ်တစ်ခုနှင့် ရေနွေးငွေ့သုံး ရထားစက်ခေါင်း တစ်ခေါင်းတို့ဖြင့်သာ အမှတ်အသား ပြုထားသည်။

မွန်ပြည်နယ်၊ ရေးမြို့အနီး ဘုန်းတော်ကြီးကျောင်းမှ ဉာဏ်တော်မြင့် ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရစဉ်။ ဓာတ်ပုံ - မာကပ်စ် အယ်လင်ဒါ

မွန်ပြည်နယ်၊ ရေးမြို့အနီး ဘုန်းတော်ကြီးကျောင်းမှ ဉာဏ်တော်မြင့် ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရစဉ်။ ဓာတ်ပုံ – မာကပ်စ် အယ်လင်ဒါ

တောင်ဘက်သို့ ဆက်သွားလျှင် အခြား အထင်ကရ မြို့မှာ မျက်စိပသာဒ ဖြစ်လှသည့် မြစ်ကွေးကွေးပေါ်မှ ငိုက်မြည်းနေသော ရေးမြို့ပင် ဖြစ်သည်။ မြို့ပြင်ဘက် ကီလိုမီတာ အနည်းငယ်အကွာတွင် တောသစ်များဖြင့် ဆောက်လုပ်ထားသည့် အလွန်ကြီးမားသော ဘုန်းတော်ကြီးကျောင်းသစ်နှင့် သာသနိက အဆောက်အအုံများ တည်ရှိနေသည်။ ယင်းအဆောက်အအုံများကို တည်ဆောက်ထားသော လက်ရာ၊ အလွန်ကြီးမားသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်များ စံပယ်ရာ အပေါ်မှ ရှုစားနိုင်သော အနီးဝန်းကျင်ရှိ တောင်တန်းရှုခင်းများနှင့် အလည်တည့်တည့်တွင် ရေကူးကန် တစ်ကန်နှင့် မာစီးဒီးစ် အက်စ်ယူဗီကားများဖြင့် ဖန်တီးထားသော ဇိမ်ခံဧည့်ရိပ်သာ၏ ပေါ်လွင်ထင်ရှားစွာ တည်ရှိနေမှုတို့ကို ခံစားရန်အလို့ငှာ သွားရောက်လည်ပတ်သင့်သည်။

ရေးမြို့ကိုယ်နှိုက်က မြို့လယ်ခေါင်အနီးရှိ သစ်ပင်တန်းများဖြင့် ဝန်းရံထားသော ရေကန်တစ်ကန် ရှိနေသည့် နှစ်လိုဖွယ် ဈေးမြို့တော် ဖြစ်သည်။ အနီးအနားတွင် ရှိနေသည်မှာ အမေရိကန်-မြန်မာစုံတွဲ ဖွင့်ထားသည့် စိတ်ချမ်းမြေ့ဖွယ် စတားလိုက် ဧည့်ရိပ်သာပင် ဖြစ်သည်။

လောကနိဗ္ဗာန်ဘုံ ထားဝယ်ကမ်းခြေအလှ

နောက်တစ်ခုမှာ မြန်မာ့အလှဆုံး ကမ်းခြေများကို အထူးတလည် စုစည်းထားသော ပင်မကမ်းခြေဟုပင် ယူဆနိုင်လောက်သော ထားဝယ်မြို့ပင်ဖြစ်သည်။ နဘူးလယ်ရှိ အဆုံးအစမဲ့ ဆန့်တန်းနေသည်ဟုပင် ထင်ရစေသော သဲဖြူသောင်ကမ်းမှသည် ထားဝယ်ကျွန်းဆွယ်ရှိ တီဆစ်နှင့် ဆန်မာရီယာကမ်းခြေတို့ရှိ လှပသော ပင်လယ်အော်တို့အထိ ရှိနေသော နေရာပင်ဖြစ်သည်။

ပင်လယ်ပြင်မှ ထူးခြားလှပစွာ ပေါ်ထွန်းလာသော မြစိမ်းရောင်တောင်တန်းများပုံ သဘာဝပန်းချီကားချပ်ကြီးကို နောက်ခံပြုထားသည့် ဤကမ်းခြေတလျှောက်ရှိ နေရာအများစုမှာ အပူပိုင်းဒေသ သုခဘုံတစ်ခု၏ ပုံရိပ်စစ်များ ဖြစ်ကြပေသည်။ ယင်းမှာ ကျေးရွာအများစုက ရေစပ်တွင် ထားလေ့ရှိကြသည့် ဘီယာဆိုင်ငယ်လေးများအထိ ဆင်းချသွားသည့်တိုင် ဖြစ်ချေသည်။ (အချို့နေရာများတွင် စွန့်ပစ်အမှိုက်များကြောင့် ချမ်းမြေ့ဖွယ်ရာ ကျေးလက်သဏ္ဍာန် ပါးလျသွားရသည်ကိုမူ ဝန်ခံရပေမည်။)

ယင်းဒေသကို ဆိုင်ကယ်ဖြင့် လှည့်လည်လေ့လာခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မော်တော်ဆိုင်ကယ်ကို ထားဝယ်မြို့တွင် ငှားရမ်းနိုင်သည်။ ထို့ပြင် တက္ကစီ၊ သို့မဟုတ် မီနီဘတ်စ်များဖြင့် ကမ်းခြေများစွာသို့ သွားရောက်နိုင်သေးသည်။

မောင်းမကန် ကမ်းခြေမှာ ဒေသခံများအကြား ထင်ရှားလူကြိုက်များလှကာ ဟိုတယ်အများအပြားလည်း ရှိသည်။ သို့သော် ယင်းကမ်းခြေသည် ထိုဒေသ၌ ထင်ထားသလောက် မဟုတ်လှသည့် စိတ်ဝင်စားဖွယ် အနည်းဆုံးသော သဲသောင်ပြင်ကြီး တစ်ခုလည်း ရှိနေသည်။ ထိုမှလွန်သော် ထားဝယ်ကမ်းမြှောင်၌ ဇက်စာအော်ကမ်းခြေပေါ်မှ Paradise Beach ဘန်ဂလိုများ အပါအဝင် ရိုးရှင်းသည့် တဲပုံစံ သစ်သားအိမ်လေးများကို အစီအရီ တွေ့ခဲ့ရသည်။ ဟိုတယ်အများဆုံးမှာမူ ထားဝယ်မြို့မှာပင် ရှိကြပြီး ယင်းမြို့မှာ ကိုလိုနီခေတ် အဆောက်အအုံအချို့ ရှိနေကြသဖြင့် နာရီပိုင်း အချိန်ဖြုန်း၍ ခြေကျင်လျှောက်ကာ လှည့်ကြည့်သင့်သော နေရာဖြစ်ပေသည်။

ထားဝယ်မြို့အရှေ့ဘက်သို့ ငါးနာရီကြာခရီးတွင် ဝေးလံလှသည့် ထီးကြီး/ဖူးနမ်းရွန်ဒေသ၊ ထိုင်းနယ်စပ်ဂိတ် တည်ရှိသည်။ ထိုနေရာမှနေ၍ ကန်ချနာဘူရီဒေသနှင့် ထိုင်းအမျိုးသား ဥယျာဉ်များသို့ အလွယ်တကူ ရောက်ရှိနိုင်ပေသည်။

နယ်စပ်ဖြတ်ကျော်ရန် ခွင့်ပြုချက် မလိုသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းသို့ လာမည်ဆိုပါက သင့်ပတ်စ်ပို့၌ အီလက်ထရွန်းနစ်စနစ်သုံး အီး-ဗီဇာ ရှိနေရမည်။ သို့သော် ယင်းနေရာ၌ အီး-ဗီဇာ မရှိသေးပေ။

သမိုင်းဝင် မြိတ်မြို့

မြိတ်မြို့ဆိပ်ကမ်းမှာ (ကိုလိုနီခေတ်တွင် မားဂွီး Mergui ဟု လူသိများပြီး တခါတရံ ထိုအမည်ဖြင့်ပင် ညွှန်းဆိုတတ်ကြသည်) မြန်မာနိုင်ငံတောင်ပိုင်းရှိ အခြားမြို့များနှင့် အတော်ကလေး ကွဲပြားခြားနားသည်။ ဆိပ်ကမ်းတွင် ညအချိန်မှာပင် ပျားပန်းခတ်အောင် သွားလာနေကြပြီး မြွေလိမ်မြွေကောက် လမ်းသွယ်များမှာ အစဉ်အလာ မြန်မာ့မြို့ပြဖွဲ့စည်းပုံဖြစ်သည့် အကွက်ချပုံစံနှင့် တစ်မူကွဲပြားကာ အမြင်အားဖြင့် အပြောင်းအလဲတစ်ရပ်ပင် ဖြစ်နေသည်။

မြိတ်မြို့မှာ သမိုင်းအစဉ်အလာရှိသောမြို့လည်း ဖြစ်သည်။ တချိန်က ပုဂံပြည့်ရှင် နိုင်ငံတော်၏ တောင်ဘက်အကျဆုံး ဆိပ်ကမ်းဖြစ်ခဲ့ဖူးပြီး အုပ်ချုပ်သူများ မကြာခဏ ပြောင်းလေ့ရှိသည်။ ထို့အပြင် ပင်လယ်ဓားပြတို့၏ နယ်မြေတစ်ခု ဖြစ်ခဲ့ဖူးသော ရာဇဝင်မှတ်တမ်းလည်း ရှိနေသကဲ့သို့ ၁၆ ရာစုနှစ်မှစ၍ ဥရောပကုန်သည်များအတွက် အရေးပါသော နေရာတစ်ခုလည်း ဖြစ်ခဲ့ဖူးသည်။ တဖန် ထင်ရှားသည့် အိုင်ယာလန်လူမျိုး စာရေးဆရာ မောရစ် ကောလစ်သည် ကိုလိုနီခေတ် အုပ်ချုပ်ရေးမှူးတစ်ဦးအဖြစ် ဤမြို့တွင် ရုံးထိုင်ခဲ့ဖူးသည်။

မြိတ်မြို့ကို စတင်စူးစမ်းရန် အလွန်ကောင်းလှသော နေရာမှာ ကမ်းနားလမ်းပင်ဖြစ်သည်။ မြို့၏ စီးပွားရေး အချက်အချာနေရာဖြစ်ပြီး မြိတ်ကျွန်းစုမှ ကုန်ပစ္စည်းများနှင့် လူများ၏ ပြည်မသို့ ဝင်လာရာ ဖြစ်ပြီး ဆိပ်ကမ်း၌ ရပ်ထားသော ရာချီသည့် ငါးဖမ်းသင်္ဘောများကိုလည်း ကြည့်ရှုနိုင်ပါသည်။

ယခင်က ကိုလိုနီရှေ့တန်းကင်းစခန်းဖြစ်သည့် မြိတ်ဆိပ်ကမ်း၌ လင်းအားကြီးချိန်မှ ညချမ်းတိုင် ပျားပန်းခတ် လှုပ်ရှားသွားလာလျက်ရှိသည်။ ဓာတ်ပုံ - မာကပ်စ် အယ်လင်ဒါ

ယခင်က ကိုလိုနီရှေ့တန်းကင်းစခန်းဖြစ်သည့် မြိတ်ဆိပ်ကမ်း၌ လင်းအားကြီးချိန်မှ ညချမ်းတိုင် ပျားပန်းခတ် လှုပ်ရှားသွားလာလျက်ရှိသည်။ ဓာတ်ပုံ – မာကပ်စ် အယ်လင်ဒါ

ကမ်းနားလမ်း၏ တောင်ဘက်စွန်းတွင် ပျော်ရွှင်ဖွယ် ညဈေးတစ်ခုရှိပြီး တောင်ဘက်စွန်း၌ အစားအသောက်ကောင်းများ၊ ဖော်ရွေပျူငှာသော ဝန်ဆောင်မှုများနှင့် တက်ကြွလန်းရွှင်ဖွယ် ရပ်ဝန်းလေး တစ်ခုတို့ကို ပေးစွမ်းနိုင်သည့် ထူးအံဖွယ်ရာ ရွှေရာစု စားသောက်ဆိုင် တည်ရှိသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသ အများစုမှာလိုပင် ဤမြို့ရှိ အစားအသောက်များမှာ ထိုင်းအစားအစာများ၏ အရသာများ လွှမ်းမိုးရောပြွမ်းလျက်ရှိသည်။ တကယ်တမ်းတွင် အစားအစာမျှသာ မဟုတ်၊ နေရာအနှံ့ တွေ့ရသော အသေးစား ဟွန်ဒါဝေ့ဗ် Honda Wave ဆိုင်ကယ်များမှသည် ဆဲဗင်း-အလဲဗင်း 7-Eleven အသွင်ဆောင် စတိုးဆိုင်များအထိပင်ဖြစ်သည်။ နေရာအချို့တွင်မူ ထိုင်းဘတ်ငွေ အသုံးပြုနေသည်ကိုပင် တွေ့ရှိရပြီး အင်အားကြီး အိမ်နီးချင်း၏ လွှမ်းမိုးမှုမှ ရုန်းထွက်ရန် နည်းလမ်းမူ မရှိသေးပေ။

မြိတ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တလျှောက် လှည့်လည်ကြည့်ရှုမည်ဆိုပါက ဈေးများ၊ ရေကန်များနှင့် ကိုလိုနီခေတ် အဆောက်အအုံများကို တွေ့ရှိနိုင်ပေသည်။ မြိတ်မြို့နှင့် မြိတ်မြို့မှ လှေဖြင့်သွားနိုင်သည့် ပါတော ပါတက်ကျွန်းတို့၏ အကောင်းဆုံး မြင်ကွင်းများကို ရှုစားနိုင်မည့် တောင်ထိပ်မှ သိမ်တော်ကြီး ဆင်းတုတော်လည်း ရှိနေသေးသည်။ ထိုနေရာက မြို့နှင့် အနီးပတ်ဝန်းရှိ ကျွန်းစုများ၏ လေးဘက်လေးတန် မြင်ကွင်းကို ကြည့်ရှုနိုင်စေသကဲ့သို့ ကိုယ်လုံးတော်အတွင်းမှာ လိုဏ်ခေါင်းဖော်ထားသော ထူးခြားလှသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလည်း ဖူးမြော်နိုင်သေးသည်။

မြောက်ပိုင်းကျွန်းစုနှင့် တနင်္သာရီသို့ ဆန်တက်ခြင်း

မြိတ်မြို့၏ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးသော လက္ခဏာသွင်ပြင်တစ်ရပ်မှာ ဤဒေသအတွင်းရှိ အလွယ်တကူ သွားရောက်နိုင်သော နေရာသစ်များသို့ သွားရောက်လည်ပတ်ရန် အခွင့်အလမ်းပင် ဖြစ်ပေသည်။ ဤမြို့မှာ ကျယ်ပြန့်သော မြိတ်ကျွန်းစု၏ မြောက်ဘက်စွန်းတွင် တည်ရှိနေပြီး ကမ္ဘာလှည့် ခရီးသွားများအဖို့ ဤနေရာသို့ ရောက်ရှိရန် မကြာသေးမီ အချိန်ကအထိ ရက်များစွာကြာ စီးနင်းရသော အပျော်စီးသင်္ဘောဖြင့် ကော့သောင်းမှသာ ကူးလာနိုင်ပေသည်။

ယခုအခါတွင် မြိတ်ကျွန်းစုတစ်လွှား ပျံ့နှံ့တည်ရှိနေသည့် ရာနှင့်ချီသော ကျွန်းများသို့ နေ့ခရီးစဉ်များအဖြစ် သော်လည်းကောင်း၊ ကမ်းခြေစခန်းချ တစ်ညအိပ်ခရီးစဉ်များအဖြစ် သော်လည်းကောင်း သွားရောက်နိုင်နေပြီ။

ဤနေရာမှ ရေများမှာ တနင်္သာရီမြစ်ဝမှ (သဘာဝ) နုန်းတင်မြေနုများကြောင့် မြိတ်ကျွန်းစုနှင့် ဝေးရာ အရပ်များဆီမှ ရေများကဲ့သို့ ကြည်သန့်မနေသော်လည်း သဲဖြူသောင်ကမ်းများရှိသည့် ရင်သပ်ရှုမောဖွယ်ရာ အပူပိုင်းဒေသ ကျွန်းစုများ၊ သစ်တောများနှင့် ရေတံခွန်များစသည့် လှည့်လည်လေ့လာစရာ နေရာများ အစုလိုက် အပြုံလိုက် ရှိနေသေးသည်။

လူသိများထင်ရှားသည့် မော်ကင်းလူမျိုး (ဆလုံ၊ သို့မဟုတ် “ပင်လယ်ပျော်များ” ဟုလည်း ခေါ်ဆိုသေးသည်) ကို တွေ့ရှိနိုင်သော အခွင့်အလမ်းတစ်ရပ်လည်း ရှိနေပြီး ယခင်က လူအနည်းငယ်သာ သွားခွင့်ရခဲ့သည့် ခရီးစဉ်ကို သွားနေရသော ခံစားမှုမျိုး ဖြစ်ပေါ်စေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤခရီးစဉ်များအတွက် ခွင့်ပြုချက် အမှန်တကယ် လိုအပ်မည်ဖြစ်သော်လည်း ရန်ကုန်မှာဖြစ်ဖြစ်၊ မြိတ်မြို့မှာဖြစ်ဖြစ် ကြိုတင်လျှောက်ယူနိုင်ပေသည်။

အလားတူ စွန့်ဦးသွားလာသော ခံစားမှုမျိုးကို သမိုင်းဝင် တနင်္သာရီမြို့သို့ လေးနာရီကြာ ဆန်တက်သော မြစ်ကြောင်းခရီးစဉ်ကို သွားခြင်းဖြင့်လည်း ရနိုင်သေးသည်။ စိတ်ခွန်အား လှုံ့ဆော်ပေးသော ဤခရီးစဉ်မှာ ဤနေရာ၏ အဓိက ဆွဲဆောင်မှုပင် ဖြစ်သည်။ ယခုအခါ သမ္မာကျမ်းလာ ကမ္ဘာပျက်ကာလမှ ရုတ်ချည်း ထွက်ပေါ်လာသည်ဟု ထင်မြင်ရစေမည့် ရှုခင်းများအကြား လည်ပတ်ရန် မြစ်ကမ်းတစ်ဖက်တစ်ချက်ရှိ တောထူသော ကျေးရွာများတလျှောက် သွားနေရခြင်းကြောင့်ဖြစ်သည်။

တနင်္သာရီမြို့မှာ တချိန်က ရှေးဟောင်းထိုင်းနိုင်ငံသို့ သွားရောက်ရာ ကုန်းလမ်းစခန်း တစ်နေရာ ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ ငိုက်မြည်းနေသည့် ခြောက်ကပ်ကပ် အရပ်ဒေသ ဖြစ်နေသည်။ ကျွန်းသစ်နှင့် ကွမ်းသီးမှာ အဓိက ပို့ကုန်များဖြစ်ပြီး မြို့ဈေးကို လှည့်ကြည့်ပြီးနောက် အနီးဝန်းကျင်မှ စိုက်ခင်းများသို့ သွားရောက် လေ့လာနိုင်ပေသည်။

မြိတ်မြို့၌ နေရာထိုင်ခင်းအတွက်မူ တည်းခိုခ အမျိုးမျိုးရှိသည့် ဟိုတယ်များရှိပြီး ယင်းတို့အနက် မြို့ကွက်နှင့် ဆိပ်ကမ်း၏ ခမ်းနားကြီးကျယ်သော ရှုခင်းများကို ကြည့်ရှုနိုင်စေမည့် အချက်အချာနေရာရှိ ဂရင်းန် ဂျိတ် ဟိုတယ် Hotel Grand Jade လည်း ပါဝင်သည်။ မြို့ပြင်ထွက်ကြည့်ပါက သားနားလှသော အိမ်တော်ဖြူဟိုတယ်က ပိုမိုဇိမ်ရှိ၍ စတိုင်ကျသော ရပ်ဝန်းကို ပေးစွမ်းပေလိမ့်မည်။

ကော့သောင်းတောင်ဘက်၊ တောင်ပိုင်းကျွန်းစုနှင့် ထိုင်းနိုင်ငံ

မြိတ်မြို့နှင့် မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်းမြို့အကြား၌ တောအုပ်များလောက်သာ လည်ပတ်ကြည့်ရှုစရာရှိသည်။ လူအများစုသည် လေယာဉ်၊ သို့မဟုတ် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းအကြား နေ့စဉ်ပြေးဆွဲသည့် အမြန်စီးသင်္ဘောများဖြင့် ခပ်သုတ်သုတ် သွားရောက်တတ်ကြသည်။

မြန်မာနိုင်ငံ မြောက်စွန်းပိုင်းမှ လာလာ၊ ထိုင်းနိုင်ငံ ရနောင်းဒေသ၊ ခရာဘူရီမြစ်ဝမှ လာလာ ဤဒေသကို ဖြတ်သန်းရန် မြန်မာ့ အီး-ဗီဇာမှာ ယခုအခါ တရားဝင် ဖြစ်နေပေပြီ။ ကော့သောင်းမြို့မှာ လာလည်သူ အများစုအတွက် လည်ပတ်နားနေရန် နေရာတစ်နေရာမျှသာ တည်ရှိနေခြင်းမျိုး မဟုတ်တော့ပေ။

ဤနေရာမှ ကျွန်းစုစခန်းနှစ်ခုသို့ အပျော်စီးသင်္ဘောများ၊ သို့မဟုတ် နေ့ချင်းပြန်ခရီးများအဖြစ် သွားရောက်နိုင်ပေသည်။ ယင်းတို့မှာ ရှေးကပင် တည်ရှိခဲ့သော

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar