ပညာရေးဝန်ကြီးဌာနသည် အထက်တန်းကျောင်းသားများအတွက် ဇူလိုင် ၂၁ ရက်မှစ၍ ပညာသင်ကြားမှုများ ပြန်လည်ပြုလုပ်ရန် စီစဉ်နေသော်လည်း စာသင်ကျောင်းများအနေဖြင့် တင်းကျပ်သော ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာနိုင်ခြေရှိမရှိဆိုသည့် ပြဿနာကိုရင်ဆိုင်နေရဆဲဖြစ်သည်။

အာဏာပိုင်များက ရန်ကုန်မြို့အနှံ့ သိုသိုသိပ်သိပ် ဖွင့်နေကြသော လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်ခန်းငယ်များနှင့် စားသောက်ဆိုင်ကြီးများအတွက် တားမြစ်ကန့်သတ်ချက်များကို လျှော့ချရန် စီစဉ်ဆောင်ရွက်လာသည်။

ကိုဗစ် ၁၉ ဖြင့် ရန်ကုန်၌ ဆေးရုံတင်ထားသောဂီတသမားများက ကမ္ဘာ့ကပ်ရောဂါအတွက် ကြောက်လန့်စိုးရိမ်နေသူများကို အားပေးနှစ်သိမ့်ရန် ရည်ရွယ်ပြီး အွန်လိုင်းဗီဒီယိုများ ဖန်တီးခဲ့ကြရင်း အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြသည်။