စီးပွားရေးအထီးကျန်မှုက ဖန်တီးထားခဲ့တဲ့ ဆင်းရဲမွဲတေမှုကြောင့် အကျိုးဆက်ဖြစ်ပေါ်ခဲ့ရတဲ့ ဟိုနားသည်နား စက်ပြင်ဆိုင်လေးတွေဟာ ခုတော့ဖြင့် စည်ပင်သာယာရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ခေတ်မီတိုးတက်မှုတွေ၊ ဝင်ငွေတိုးမြင့်လာမှုတွေကြောင့် အကျပ်ရိုက်နေကြပါတယ်။
ဆိုက်ကားတွေကို ရန်ကုန်မြို့လယ်မှာ တားမြစ်ထားပေမယ့် ဆိုက်ကားလိုင်စင်အသစ်တွေ ပြန်လည် ထုတ်ပေးစေချင်တယ်လို့ ဆိုက်ကားနင်းသူတွေက ပြောကြားကြပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရာမှာ ဇာတ်ဝင်ခန်းအလိုက် လိုအပ်တဲ့ မီးလောင်ဒဏ်ရာတွေ၊ သွေးထွက်သံယို ဒဏ်ရာတွေလိုမျိုးတွေကို သရုပ်ဆောင်တွေရဲ့ ခန္ဓာကိုယ်အပေါ်မှာ မိတ်ကပ် အထူးပြုလုပ်ချက်တွေနဲ့ လူငယ်ပညာရှင်တွေက ဖန်တီးပေးကြပါတယ်။ သီရိဟန် ရေးသားသည်။ မိတ်ကပ်ဘူးထဲက အလှပြင်ပစ္စည်းတွေကို ခုံပေါ်တင်ရင်း ဘာဒီဇိုင်း ဖန်တီးရင်ကောင်းမလဲလို့ မအိမီမီကို ရေရွတ်နေပါတယ်။ အလှပြင်ပစ္စည်းတွေနဲ့ ဖန်တီးမယ့်အရာဟာ လှပတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။.
ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာပြီး မိုဘိုင်းဖုန်းဆင်းကတ်တွေ ပေါများလာမှုနဲ့အတူ Second Hand လို့ခေါ်တဲ့ တစ်ပတ်ရစ်ဟန်းဆက် ဈေးကွက်ဟာ ကျယ်ပြန့်လာပါတယ်။ သီရိဟန် ရေးသားသည်။ ခေါင်းစီးဓာတ်ပုံ-သိမ့်မွန်စိုး (J) အမြဲစည်ကားနေတတ်တဲ့ ရန်ကုန်မြို့လယ်မှာ ထူးထူးခြားခြား စည်ကားတဲ့ နေရာတစ်ခု ရှိပါတယ်။ အဲဒီနေရာကတော့ ရွှေဘုံသာလမ်းအထက်ဘလောက်ပါ။ ညနေရုံးဆင်းချိန်လောက်ဆိုရင် ရွှေဘုံသာလမ်း အထက်ဘလောက်မှာရှိတဲ့ လမ်းဘေးဆိုင်တန်းလေးတွေဟာ စည်ကား နေတတ်ပါတယ်။ .