လူကြီးမင်း မတိုင်မီက ဌာနေညိုနှိုင်းရေးမှူးဟာ သူမရဲ့ တာဝန်သက်တမ်းကာလမှာ မီဒီယာကိုတွေ့ဖို့ သိပ်ပြီး လိုလားခြင်းမရှိကြောင်း နာမည်ထွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပထမဆုံးမေးချင်တာက အခုလို အင်တာဗျူးကို လက်ခံဖို့ ဘာ့ကြောင့် ခင်ဗျားသဘောတူရပါသလဲ။

အစားအစာ မရယူနိုင်စေရန် ပိတ်ဆို့ထားခြင်း၊ အတင်းအဓမ္မခေါ်ဆောင်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများက ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာဒုက္ခသည်များ ပိုမိုထွက်ခွာရန် တွန်းအားပေးနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။ ဒုက္ခသည်များပြန်ပို့ရေး နှစ်နိုင်ငံကြား သဘောတူညီချက်ကို ရှေ့တိုးရန် ကြန့်ကြာနေစဉ် ယင်းအဖွဲ့က ပြောကြားလိုက်ခြင်းဖြစ်သည်။

ကုမ္ပဏီတွင်း ပဋိပက္ခများနှင့် အစုလိုက် နုတ်ထွက်မှုများ ကြုံတွေ့ခဲ့ရသည့် အဖွဲ့အစည်းအား တည်ငြိမ်အောင် ပဲ့ကိုင်ရန်အတွက် ခေါ်ယူခြင်းခံခဲ့ရသည့် ထင်ရှားသော ထိုင်းဂျာနယ်လစ် Mr Kavi Chongkittavorn သည် ၎င်း တာဝန်ယူပြီး ၁၀ လအကြာတွင် မြန်မာတိုင်းမ်မှ ချက်ချင်းနုတ်ထွက်သွားခဲ့သည်။

ဂုဏ်သိက္ခာကြီးမြင့်သည့်ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးရရှိသူ ကိုမြတ်ကျော်သူသည် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် လူ့အသိုင်းအဝိုင်းကြား တိုက်ခိုက်မှုများကို ဖော်ထုတ်ရေးသားမှုအတွက် ဆုရွေးချယ်ရေးကော်မတီ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။