“လူစုလူဝေးကိုရှောင်ပါ” ဟူသော စကားမှာ ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက် ပုံစံဖြစ်လာနေသော်လည်း မြန်မာနိုင်ငံတွင် COVID-19 ပိုးရှိသူနှစ်ဦးတွေ့ရှိကြောင်း မတ်လ ၂၃ ရက် ညနက်ပိုင်းတွင် အစိုးရကထုတ်ပြန်လိုက်ပြီးနောက် ထိတ်လန့်တကြားဈေးပြေးဝယ်သူများရှိခဲ့ရာ ဈေးဝယ်စင်တာအချို့တွင် သန်းခေါင်ယံအချိန်ကြီးလူစုလူဝေးဖြစ်ခဲ့ရသည်။ထိတ်လန့်တကြားဈေးပြေးဝယ်မှုမှာ နောက်တစ်ရက်မနက်အထိကူးစက်ပြီး ရန်ကုန်မြို့ရှိဈေးများသည် အကြီးဆုံးလူစုလူဝေးဖြစ်လာသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သူရဦးရွှေမန်းသည် လာမည့်ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်ကြီးကြီးထားနေသည်။