ကိုဗစ်-၁၉ပျံ့နှံ့မှုမြင့်တက်စဉ် ခေါ်ယူခဲ့သော ဆိုလာစီမံကိန်းတင်ဒါတွင် လုပ်ကွက်အခု၃၀နီးပါး တင်ဒါအောင်သောလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများပါဝင်ခဲ့သည်။

ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ရုံသည် ယခုအပတ်တွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်သော်လည်း သီလဝါ၌ ဆိပ်ခံတည်ဆောက်ခြင်းမှာ ကြန့်ကြာနေသည့်အတွက် အပြည့်အဝလည်ပတ်ရန် အချိန်အတော်ကြာဦးမည်ဖြစ်သည်။

နိုင်ငံခြားအဖျော်ယမကာလုပ်ငန်းရှင်များက နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်လှုပ်ရှားခဲ့ပြီးနောက် ပြည်ပမှ အရက်တင်သွင်းခွင့်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သော်လည်း တရားမဝင်အရက်တင်သွင်းမှု လျော့ကျသွားရေး မျှော်လင့်ချက်များသည် သွင်းကုန်ခွန်များပြားလွန်းမှုကြောင့် ပျက်ပြားသွားဖွယ်ရှိနေသည်။

ဆေးရုံများ ဝန်မပိစေရန်အတွက် Fever Clinic ခေါ် အဖျားရှိမရှိ၊ COVID-19 ကူးစက်ခံထားရသည့် ကနဦးလက္ခဏာများမရှိမရှိ စစ်ဆေးရေးစခန်းငယ်များကို မြန်မာနိုင်ငံတစ်ဝန်းတွင်ဖွင့်လှစ်ခဲ့သော်လည်း စာသင်ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်ရာ ကျောင်းဝင်းများတွင်း ဖွင့်လှစ်ထားသည့် Fever Clinic များကို အခြားနေရာများတွင် ရွှေ့ပြောင်းဖွင့်လှစ်ခြင်းနှင့် ဖွင့်လှစ်ရန်နေရာမရှိပါက ပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ရတော့မည်ဖြစ်သည်။