တစ်နေ့လျှင် ယာဉ်တိုက်မှုအနည်းဆုံး ငါးကြိမ်ခန့် ဖြစ်ပေါ်နေသည်ဆိုသည့် အမှတ် (၃) လမ်းမကြီးပေါ်တွင် လမ်းမီးတိုင်များ တပ်ဆင်ပေးရန်မှာ ဘတ်ဂျက်လျာထားချက်တွင် မပါဝင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

YBS (Yangon Bus Service) စနစ် မအောင်မြင်ကြောင်း ပြောဆိုရန် စောလွန်းသေးသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ယနေ့ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ထာဝရခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးစီးပွားစွန့်လွှတ်ရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်၊ ဧပြီ ၂၅ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်တံဆိပ်ခေါင်း မကပ်သော ဆိုင်ပေါင်း ၅၀၇ ဆိုင်ကို အရေးယူခဲ့ကာ ဒဏ်ငွေ ကျပ် ၁၃၃ သန်း ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။ “ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁(စ)အရ ဒါဏ်ငွေတပ်ရခြင်း.