လွန်ခဲ့သည့် ရွေးကောက်ပွဲတွင် ဘောလခဲရှိ မဲဆန္ဒနယ်အားလုံး၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ခြင်းသည် ဗိုလ်ချုပ်ဟောင်းဦးစိုးသိန်း၏ အရှိန်အဝါကြောင့်ဟု ဆိုနိုင်သည်။
၂၀၂၀တွင် တောင်ပြိုကမ်းပြိုထပ်မံအနိုင်ရခဲ့ခြင်းသည် အင်န်အယ်လ်ဒီပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ဆက်လက်ယုံကြည်နေသေးကြောင်း သက်သေပြချက်ဖြစ်သည်။
ရွေးကောက်ပွဲနေ့ နီးလာသည်နှင့်အမျှ ဘောလခဲတွင် ပါတီများသည် သံသယမျက်လုံးများဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ကြည့်နေကြသည်။
ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြင်းထန်နေသော်လည်း အစိုးရနှင့် ကော်မရှင်ကမူ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပရန် စိုင်းပြင်းလျက်ရှိသည်။