အကြောက်တရားများ လွှမ်းခြုံသော ရွေးကောက်ပွဲ​

ဒီမိုကရေစီစံနှုန်းများနှင့် လွန်စွာ ကင်းကွာသော အယောင်ဆောင်ရွေးကောက်ပွဲအဖြစ် အများစုက ရှုမြင်သည့် ၂၀၂၅ ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းအများစုက ရရာနည်းဖြင့် တားဆီးသွားမည်ဟု အခိုင်အမာဆိုသည်။ ထိုသို့ တားဆီးရာတွင် မဲရုံဝန်ထမ်းအဖြစ် အတင်းအကြပ် တာဝန်ပေးခံရနိုင်ခြေရှိသည့် အရပ်သားဝန်ထမ်းများက နှစ်ဖက်ကြားညှပ်ကာ မြေစာပင်အဖြစ် ရောက်ကြရမည်ကို စိုးရိမ်နေကြသည်။

မရေရာသော အင်းဝ ခရီးသွားလုပ်ငန်း အနာဂတ်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အင်းဝမြို့က သမိုင်းဝင်ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးများကို ပြန်လည်ပြုပြင်ရေးမှာ အာဏာသိမ်းစစ်ကော်မရှင်အနေနဲ့ နှောင့်နှေးနေတာကြောင့် ဒေသခံ ဧည့်လမ်းညွှန်တွေဟာ အသက်မွေးဝမ်းကြောင်းပြုဖို့ အခက်တွေ့နေရပါတယ်။

ကုန်သွယ်ပြဿနာများကြားက လူသုံးကုန်ပြတ်လပ်မှု

“တရားမဝင်တာကို တရားဝင်အောင်ရော လုပ်လို့မရဘူးလားဆိုပြီး ကျွန်တော်တို့က အမြဲတမ်းပြောပါတယ်။အခုက အဲလိုတွေပိတ်ဆို့မှုတွေလုပ်တော့ ကုန်ဈေးနှုန်းတွေ တက်သွားတယ်”  ကုန်ပစ္စည်းတွေဈေးတက်တာထက် ပစ္စည်းတွေပြတ်ပြီး ဝယ်မရမှာ ပိုကြောက်တာ။ နယ်စပ်နဲ့ လေကြောင်းကတဆင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုတွေကို စိစစ်ကန့်သတ်မှုတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းပြတ်လတ်မှုတွေနဲ့ ဈေးနှုန်း မြင့်တက်လာနေပါတယ်။ လက်ရှိအချိန်မှာတော့  ပြည်တွင်းမှာနေထိုင်သူတွေဟာ ရှိတဲ့ပစ္စည်းအနည်းငယ်ကိုပဲ ဈေးကြီးကြီးပေးဝယ် သုံးစွဲနေကြရပါတယ်။.

ကမ္ဘာ့ပါဝါဇာတ်ခုံ အခင်းအကျင်းသစ်တွင် မိမိကိုယ်ကိုပွဲထုတ်နေသော အာဏာသိမ်းစစ်ကော်မရှင်

အဆိုးဘက်သို့ ထိုးဆင်းနေသော ကမ္ဘာ့ပါဝါ အခင်းအကျင်းပြောင်းလဲမှုအပေါ် အခွင့်ကောင်းယူလျက် စစ်ကော်မရှင်သည် ၎င်းတို့နှင့် မထိုက်တန်သော တရားဝင်မှုကို ရရှိအောင် ကြိုးပမ်းလာပြီး  ဖွံ့ဖြိုးဆဲနိုင်ငံများထဲက အာဏာရှင်နိုင်ငံအချို့ကလည်း  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပိုမို တံခါးဖွင့် ကြိုဆိုလာနေသည်။

နှစ်ရှည်ဒုက္ခသည်များရဲ့ မရေရာတဲ့ အနာဂတ်ကြားက စိတ်ပိုင်းဆိုင်ရာပြဿနာများ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်ကိုရပ်နားလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေမှာ နှစ်အတော်ကြာနေထိုင်နေကြသူတွေဟာ စိတ်ကျရောဂါနဲ့အခြားစိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပွားမှုတွေ ပိုမိုများပြားလာနေပါတယ်။ ဒီတစ်ပတ်ဆောင်းပါးကို ဒို့အသံသတင်းထောက်တစ်ဦးကရေးသားထားပါတယ်။

ကျောင်းဝင်းတိုက်ခိုက်ခံရမှုနောက်ဖြေမဆည်နိုင်သောစိတ်ဒဏ်ရာများ

အမကလေ အခု ၂ လကျော်သာ ကြာသွားတာ။ အမ သမီးလေးကို အလွမ်းအဆွေးက မလျော့ပါးသေးဘူး။ ခံစားရတုန်းပဲ။ ပထမတော့ ပေါင်သားကိုလှီးပြီး ဟိုဘက်ပေါင်ကို ကပ်လိုက်တဲ့အချိန်မှာ ဆေးထည့်တော့ သူတအားငိုခဲ့တယ်။ အမေတဲ့ သမီးကတော့ လူ့ဘဝ မနေချင်တော့ဘူးတဲ့။ ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးက အိုးတိမ်တွင်းကျေးရွာက စာသင်ကျောင်း တစ်ကျောင်းကို .

တရုတ်ရင်းနှီးမြုပ်နှံသူတွေကြောင့် အခက်တွေ့နေတဲ့ ရှမ်းမြောက်ပြည်သူများ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသကို တရုတ်လုပ်ငန်းရှင်အများအပြားဝင်ရောက်လာတာကြောင့် ဒေသခံတွေ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲရုန်းကန်နေကြရပါတယ်။ 

ဇခုန်တိန့်ယိန်းနှင့် သူ့၏ တကျော့ပြန်အင်ပါယာ

စစ်ကောင်စီ၏ မဟာမိတ် ပြည်သူ့စစ်ခေါင်းဆောင် စခုန်တိန့်ယိန်းနှင့်အဖွဲ့သည် ဒေသသယံဇာတဖြစ်သော မြေရှားသတ္တု တူးဖော်ရောင်းချပြီး ကြွယ်ဝချမ်းသာလာခဲ့ကြသည်။​ ၂၀၂၄ ခုနှစ် ကချင်လွတ်မြောက်ရေးတပ်မတော် ၏ ယင်းဒေသကို သိမ်းပိုက်မှုက ၎င်းအဖွဲ့၏ လုပ်ငန်းများကို ဟန့်တားနိုင်စွမ်း ရှိခဲ့ပါသလား။

မြန်မာ့မြေရှား (သို့) ဗျူဟာမြောက်အပေးအယူဝှက်ဖဲ

ကချင်ပြည်နယ် ပန်ဝါမြို့ကို ကေအိုင်အေက သိမ်းပိုက်ပြီး ၁၀ လ အကြာတွင် အကျိုးအမြတ်ကြီးမားသောလုပ်ငန်းကြီးတစ်ခုကို ပြန်လည်စတင်ရန် ဖိအားများ တိုးမြင့်လာနေသည်။

ပြုပြင်ခွင့်မရတဲ့ ငလျင်သင့်ဗလီများ

ပြီးခဲ့တဲ့မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ အခြားဘာသာရေးအဆောက်အုံပေါင်း ၅၅၀၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ပျက်စီးသွားခဲ့ တဲ့ ဗုဒ္ဓဘာသာအဆောက်အုံတွေ ပြန်လည်တည်ဆောက်ခွင့်ရနေချိန်မှာပဲ မွတ်ဆလင်တွေအတွက် ဗလီတွေ တည်ဆောက် ခွင့်မရသေးတာကြောင့် အစ္စလာဘ်ဘာသာဝင်တွေဟာဝတ်ပြုဖို့ နေရာမရှိနေပါဘူး။ မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို.

လိုင်စင်မဲ့ယာဉ် နှိမ်နှင်းမှုစီမံချက်၏ အဆိုးရလာဒ်

တရားမဝင် ယာဉ်တင်သွင်းမှုအတွက် ပြဿနာ၏ အရင်းခံအကြောင်းရင်းများဖြစ်သည့် မှားယွင်းသောမူဝါဒများနှင့် အဆင့်ဆင့် အကျင့်ပျက်ခြစားမှုများကို မဖြေရှင်းဘဲ လက်ဝယ်ထားသုံးစွဲသူများကို ဖမ်းဆီးအရေးယူခြင်းမှာ နင်းပြား ပြည်သူများကိုသာ အတိဒုက္ခ ကျရောက်စေလျက်ရှိသည်။ 

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.