လွှတ်တော်များ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတာဝန်ပေးရန် လျာထားသူများစာရင်း ထွက်ပေါ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ထပ်မံအရွေးခံထားရသည့် ဦးတီခွန်မြတ်သည် အဖွဲ့ဝင် ၆၀၀ ခန့်ရှိသည့် ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်

နေပြည်တော်၊ ဇန်နဝါရီ ၂၈

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်တော့မည့် လွှတ်တော်သစ်အား ဦးဆောင်ကြမည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် လျာထားသူများ၏အမည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထုတ်ဖော်ပြောကြားခဲ့ရာ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ဦးတီခွန်မြတ်လည်း ပါဝင်နေသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်နှင့် ဒု ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်တို့အား လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဝင်းသန်းခိုင်နှင့် ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့အား ခန့်အပ်ရန် လျာထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်သစ်များအား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းက တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နှစ်ခုလုံးတွင် အမတ်နေရာအများစု အနိုင်ရရှိထားသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ၎င်းတို့စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်မည်ဖြစ်သည်။

ဦးဝင်းမြင့်သည် ရွေးကောက်ပွဲတွင် ပုသိမ်မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ကာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ဒုဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ထပ်မံအရွေးခံထားရသည့် ဦးတီခွန်မြတ်သည် အဖွဲ့ဝင် ၆၀၀ ခန့်ရှိသည့် ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ၎င်းသည် လက်ရှိ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ကချင်လူမျိုးတစ်ဦးဖြစ်သူ ၎င်းအား လွှတ်တော်တွင်းရောက် မူးယစ်ရာဇာတစ်ဦးဟု ရှမ်း သတင်းဌာနတစ်ခုဖြစ်သည့် Shan Herald Agency for News က ၂၀၁၁ ခုနှစ်တွင် ရေးသားခဲ့ကာ ဒေသတွင်း မူးယစ်ဆေး သယ်ဆောင်ရောင်းဝယ်မှုများကို ဆောင်ရွက်နေသည်ဟုလည်း ရေးသားခဲ့သည်။ ထို့ပြင် ဖျက်သိမ်းပြီးဖြစ်သည့် မြန်မာမေဖလားဝါးဘဏ်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည်ဟုလည်း ရေးသားခဲ့သည်။ မေဖလားဝါးဘဏ်သည် မူးယစ်ဆေးရောင်းဝယ်မှုမှရရှိသည့် ငွေများကို ငွေဖြူအဖြစ် ပြောင်းလဲရာတွင် ပါဝင်ပတ်သက်မှုများရှိခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာမည့် ဦးမန်းဝင်းခိုင်သန်းသည် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ရွေးချယ်ခံရခြင်းဖြစ်သည်။ ဒုတိယဥက္ကဋ္ဌဖြစ်လာမည့် ဦးအေးသာအောင်သည် ရခိုင်အမျိုးသားပါတီ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

လက်ရှိ လွှတ်တော်အစည်းအဝေးများသည် ယခုလကုန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်သစ်များ တက်ရောက်ရမည့် လွှတ်တော်သစ်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည်ဖြစ်သည်။ လွှတ်တော်သစ် စတင်ချိန်တွင် လွှတ်တော်နာယကကို ရွေးချယ်ဖြစ်ကာ ၎င်းက ဦးဆောင်ပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌသစ်များကို ရွေးချယ်ကာ တာဝန်လွှဲပြောင်း ပေးရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့အား လျာထားကာ ဒုတိယဥက္ကဋ္ဌများအဖြစ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကချင်လူမျိုး ကိုယ်စားလှယ်တစ်ဦးကို လျာထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က အဆိုပါသတင်းကို အတည်ပြုခြင်းမရှိပဲ ပါတီအနေဖြင့် မည်သူ့အား တာဝန်ပေးမည်ကို ဆွေးနွေးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ပါတီ၏ မူဝါဒများနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ ပြောရေးဆိုခွင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၂၂ ရက်တွင် ကြေညာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ပြည်ထောင်စု လွှတ်တော်၏ နာယကအဖြစ် လွှတ်တော် သက်တမ်း ပထမနှစ်နှစ်ခွဲတွင် တာဝန်ယူရမည် ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.