ကခုန်နေကြတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ

စာသားနှင့် ဓာတ်ပုံများ- ငြိမ်းဆုဝေကျော်စိုး

လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက အကကို စိတ်ဝင်စား လေ့ကျင့် ကပြလာခဲ့တဲ့ မမေသူခိုင်ကို Ivy လို့လည်း ခေါ်ကြပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ Yangon University Dance Club ကို စတင် တည်ထောင်ခဲ့သူဖြစ်ပါတယ်။ လူ ၃၀ လောက်နဲ့ စတင်ခဲ့တဲ့ အဲဒီကလပ်မှာ တက္ကသိုလ် ပထမနှစ်ကနေ မဟာတန်းတွေအထိ အတန်းအသီးသီးက ကျောင်းသား၊ ကျောင်းသူ ဘယ်သူ့ကိုမဆို လက်ခံနေပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အခုဆိုရင်တော့ Facebook ရဲ့ အကူအညီနဲ့ အဖွဲ့ဝင် ၁၀၀ လောက်အထိ ရှိလာပြီဖြစ်ပြီး ဟစ်ဟော့၊ K-pop နဲ့ Cheerleader အကပုံစံတွေကို လေ့ကျင့်နေကြပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တက္ကသိုလ်ထဲမှာ ဝါသနာတူရာ ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့အသစ်လေးတွေ ပေါ်ထွန်းလာရာမှာ ဒီအကကလပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပေါ်ထွက်လာခဲ့ ဒီအသင်းအဖွဲ့တွေထဲမှာ အားကစားကနေ ရုပ်ရှင်ဝါသနာပါသူတွေရဲ့ အသင်းတွေအထိ ပါဝင်နေပါတယ်။ ပြည်ပတကက္ကသိုလ်တွေမှာပဲ တွေ့ရလေ့ရှိတဲ့ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ ပြည်တွင်းက တက္ကသိုလ်တွေမှာ လှုပ်ရှား အသက်ဝင်လာတာလည်း ဖြစ်ပါတယ်။ အကကလပ်ရဲ့ အဖွဲ့ဝင်တွေကတော့ ဒီလိုကခုန်ခြင်းဟာ သူတို့ကို ပိုမိုပျော်ရွှင်တက်ကြွစေတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် အကပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်အပြင် အခြားတက္ကသိုလ်သုံးခုဖြစ်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေက ဒီအကပွဲတော်မှာ ပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်နည်းပညာတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသား သော်ထက်ဇင်ဟာ သူ့တက္ကသိုလ်ရဲ့ အကကလပ်ကို ၂၀၁၆ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ အရင်ကတော့ သူတို့ကျောင်းက ပွဲတွေမှာပဲ ဖျော်ဖြေခဲ့ကြပေမယ့် အခုလို ရန်ကုန်တက္ကသိုလ်က ပြုလုပ်တဲ့ပွဲမှာ လာရောက်ကပြရတာ ပထမဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒါပေမယ့် အဖွဲ့ဝင်တွေ စုဆောင်းရာမှာတော့ သူကံမကောင်းခဲ့ပါဘူး။ အစပိုင်းမှာ အယောက် ၂၀ လောက် စာရင်းသွင်းခဲ့ကြပေမယ့် လေ့ကျင့်မှုတွေက ပြင်းထန်လွန်းတယ်ဆိုပြီး အများစုက ထွက်သွားကြတဲ့အတွက် အခုတော့ သုံးယောက်ပဲ ကျန်ပါတော့တယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒါပေမယ့် ဒီလိုကျန်ခဲ့တဲ့ အဖွဲ့ဝင်တွေကတော့ အလွန်ပဲ စိတ်အားထက်သူတွေ ဖြစ်ကြပါတယ်။ “ကျွန်တော်တို့ အတန်းဖျက်ပြီး လေ့ကျင့်ကြတယ်” လို့ သော်ထက်ဇင်က ပြောပါတယ်။ “ကျွန်တော်တို့ သူငယ်ချင်းတွေက အမြဲတမ်းကူညီပြီး စာတွေကို ကူရှင်းပေးကြတယ်” လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.