အေအက်ဖ်ပီ
ကျောင်းလုံခြုံရေးနဲ့ သန့်ရှင်းရေး တိုးမြှင့်ပေးဖို့အတွက် မီးရှို့ဆန္ဒပြခဲ့ကြတဲ့ မန္တလေးက တက္ကသိုလ်ကျောင်းသား ၇ ဦးကို တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်တယ်လို့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အေအက်ဖ်ပီကို ပြောကြားပါတယ်။
သူတို့ဟာ မန္တလေး ရတနာပုံတက္ကသိုလ် ပတ်ဝန်းကျင်မှာ လုံခြုံရေးတိုးမြှင့်ပေးဖို့အတွက် ဆန္ဒပြသစဉ် မန္တလေးတိုင်းဝန်ကြီးချုပ်အပါဝင် တာဝန်ရှိသူတွေရဲ့ ရုပ်ပုံတွေနဲ့ စက္ကူအခေါင်းတွေကို မီးရှို့ခဲ့ကြပါတယ်။
သူတို့ထဲက သုံးဦးဟာ ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရပြီတော့ ကျန်လေးဦးကတော့ နောက်ထပ်ရက်အနည်းငယ်အကြာမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ ချီတက်တောင်းဆိုစဉ် အဖမ်းခံခဲ့ကြရပါတယ်။
မီးရှို့မှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ လနဲ့ ငြိမ်းစုစီဥပဒေချိုးဖောက်မှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၂ လစီ သူတို့ကို ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမှာဖြစ်ပါတယ်။
“သူတို့ကို အိုးဘိုအကျဉ်းထောင်ကို ခေါ်သွားလိမ့်မယ်” လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မအိမွန်ခင်က အေအက်ဖ်ပီကို ပြောပါတယ်။
သူတို့ရဲ့ ချုပ်ရက်တွေကို ထုတ်နှုတ်ခံစားခွင့်ရှိတဲ့အတွက် ပြစ်ဒဏ်ရဲ့ ထက်ဝက်လောက်ကိုပဲ ကျခံရတော့မှာဖြစ်ပါတယ်။