အိမ်အကူမိန်းကလေးအား နှိပ်စက်သည့်အမျိုးသမီးကို ထောင်ခုနစ်နှစ်ချမှတ်

မော်လမြိုင်၊ မေ ၁၉

အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ရေနွေးပူဖြင့်လောင်းခြင်းအပါအဝင် နှိပ်စက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို မော်လမြိုင်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

လိမ္မော်သီးခိုးစားသည်ဟု မိန်းကလေးငယ်ကို စွပ်စွဲပြီး ရေနွေးပူဖြင့် လောင်းခဲ့သည့် အေးအေးစိုးကို ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရေနွေးပူဖြင့် အလောင်းခံရမှုကြောင့် အိမ်အကူမိန်းကလေးဖြစ်သူ ခင်ခင်ထွန်း၏ ကျောပြင်တွင် အပူလောင်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် ခင်ခင်ထွန်း၏ ညီမငယ်ကိုလည်း အေးအေးစိုးက ပုံမှန်နှိပ်စက်လေ့ရှိသည်ဟု စွပ်စွဲခံထားရသည်။ အဆိုပါမိန်းကလေးငယ်များလည်း အမဖြစ်သူ ခင်ခင်ထွန်းနှင့် အတူအလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ကျေးရွာများရှိ ဆင်းရဲသောမိဘများအား ထောက်ပံ့နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် အိမ်အကူများအဖြစ် လာရောက်လုပ်ကိုင်နေကြရသည့် မိန်းကလေးငယ် ထောင်ပေါင်းများစွာထဲတွင် ၎င်းတို့ ညီအမနှစ်ဦးလည်း အပါအဝင်ဖြစ်သည်။

အိမ်အကူအများစုမှာ ဥပဒေအရ အကာအကွယ်ပေးမှုများ မရသလောက်ဖြစ်နေကြပြီး အိမ်ရှင်များ၏ နှိပ်စက်မှုများကို ခံကြရလေ့ရှိသည်။

ပြီးခဲ့သည့် မေ ၁၈ ရက်နေ့တွင် မော်လမြိုင်တရားရုံးက အေးအေးစိုးအား ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်သည်ဟု မိန်းကလေးငယ်၏ ရှေ့နေက အေအက်ဖ်ပီကို ပြောကြားသည်။

အဆိုပါအမိန့်မှာ သင့်တော်ပြီး တရားရုံး၏ အခွင့်အာဏာအရ မျှတမှုရှိသည်ဟု ရှေ့နေ ဒေါ်ယဉ်မင်းစံက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခင်ခင်ထွန်းထံသို့ အေအက်ဖ်ပီသတင်းထောက်များ သွားရောက်ခဲ့ချိန်တွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အပူလောင်ဒဏ်ရာများကို ၎င်းက ပြသခဲ့သလို အေးအေးစိုးထံတွင် ကျွန်တစ်ယောက်ကဲ့သို့ သုံးနှစ်ကြာ နှိပ်စက်ခံခဲ့ရမှုများကို ရှင်းပြခဲ့သည်။

၎င်းတို့ ညီအမနှစ်ဦးမှာ ပစ္စည်းများ ခိုးယူသည်ဟု မကြာခဏ စွပ်စွဲခံရလေ့ရှိကာ မီးလောင်နေသည့် သစ်သားချောင်းဖြင့် ရိုက်နှက်ခံရသည့်အပြင် သွေးထွက်လာသည်အထိ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုက်နှက်ကြရန် အတင်းအဓမ္မစေခိုင်းလေ့ရှိသည်ဟုဆိုသည်။

000_ol0w6.jpg

 title=

title=

အမှုအား ဖော်ထုတ်ခဲ့ကြသူများကမူ ပြစ်ဒဏ်နှင့် ပတ်သက်ပြီး ဒေါသထွက်နေကြသည်။

“ခံခဲ့ရသူတွေက အခုထိ ထိန့်လန့် ကြောက်ရွံ့နေကြတုန်းပဲ” ဟု မော်လမြိုင်ရှိ မေတ္တာစုံစည်းရာအဖွဲ့မှ မသီသီနွေးက ပြောကြားသည်။

“ကျွန်မတို့ စိုးရိမ်တာက တရားခံတွေက နောက် ခြောက်နှစ်အတွင်းမှာ ပြန်လွတ်လာမှာပါ။ သူက မိန်းကလေးတွေကို ဒုက္ခပေးနိုင်ပါတယ်။ သူတို့က ဒီမှာ အင်အားကြီးကြတယ်” ဟု ၎င်းကပြောသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar