ရိုက်တာသတင်းထောက်နှစ်ဦးအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ရဲကတစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖမ်းဆီးခဲ့သော်လည်း ရှာဖွေပုံစံ၌ တဦးချင်းစီကိုမှတ်တမ်းရေးရာတွင် ဖမ်းဆီးသည့်နေရာ မတူညီကြောင်း ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ဇူလိုင်၂၄ ရက်နေ့က တရားခွင်တွင် ထွက်ဆိုခဲ့သည်

ဖဒူ ထွန်းအောင်/Myanmar Now

ပြီးခဲ့သည့်နှစ် ပဋိပက္ခများအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် ရခိုင်မြောက်ပိုင်းနေ မူဆလင်တို့၏ ကျေးရွာပျက်များတွင် ရွာသစ်တည်ကာ ဝင်ရောက်အခြေချကြသည့် ရခိုင်တိုင်းရင်းသားများကို အစိုးရက ဖယ်ရှားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို မေ ၂၂ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ တရားလိုပြသက်သေ ရဲမှုခင်းတပ်ဖွဲ့မှ နည်းပညာကျွမ်းကျင်သူ ရဲမှူး အောင်ကျော်ဆန်းက တယ်လီဖုန်းထဲမှ ဓာတ်ပုံကို ဖွင့်ပြစဉ် အခက်အခဲ ဖြစ်နေသောကြောင့် တရားခွင်ရောက် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အကူအညီကို ရယူခဲ့ရသည်ကို တွေ့ရသည်။