သမ္မတဦးထင်ကျော် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ

အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီး၏ ဖိတ်ကြားချက်အရ သမ္မတ ဦးထင်ကျော်၊ ဇနီးနှင့် အဖွဲ့ဝင်များနှင့်အတူ ချစ်ကြည်ရေးခရီးအဖြစ် အိန္ဒိယနိုင်ငံသို့ သြဂုတ် ၂၇ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့် မတ်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့်အတူ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဦးထင်ကျော်အနေဖြင့် အာဆီယံဒေသ အပြင်ဘက်သို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။

သမ္မတဦးထင်ကျော်နှင့်အဖွဲ့သည် ဂယာသို့ ဦးစွာရောက်ရှိကြပြီး ဗုဒ္ဓဂါယာဒေသတွင် ဘုရားများ လှည့်လည်ဖူးမေ ျှာ်ကြမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီသို့ သြဂုတ် ၂၂ ရက်နေ့တွင် ရောက်ရှိကြမည် ဖြစ်သည်ဟု သတင်းများက ရေးသားထားသည်။

သမ္မတဦးထင်ကျော်သည် နယူးဒေလီတွင် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံမည်ဖြစ်ကာ အိန္ဒိယနှင့် မြန်မာ နယ်စပ်အရေးကိစ္စများကို ဆွေးနွေးကြဖွယ်ရှိသည်ဟု အိန္ဒိယသတင်းဌာနများက ရေးသားထားသည်။

ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ်တစ်လျောက်တွင် သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှုကို အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပါ နယ်စပ်ဒေသတွင် လှုပ်ရှားကာ အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂသောင်းကျန်းသူအဖွဲ့အား အိန္ဒိယကွန်မန်ဒိုများက တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ရေးသားခဲ့ကြသော်လည်း နှစ်နိုင်ငံလုံးက ငြင်းဆိုခဲ့ကြသည်။

အိန္ဒိယအစိုးရက ၎င်းတို့ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့ကြသလို မြန်မာ့တပ်မတော်ကလည်း အိန္ဒိယတပ်များ ဝင်ရောက်ခြင်းမရှိဟု သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရအနေဖြင့် အိန္ဒိယအစိုးရအား တော်လှန်နေသည့် အဖွဲ့များကို မြန်မာနိုင်ငံအတွင်း ရပ်တည်ခွင့် ပေးမည်မဟုတ်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စ Sushma Swaraj အား မြန်မာအစိုးရက အာမခံခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar