နေပြည်တော်၌ အမေရိကန်သံရုံး ဆက်ဆံရေးရုံး စတင်တည်ဆောက်

နေပြည်တော်တွင် သံရုံးဆက်ဆံရေးရုံးတည်ဆောက်မှုကို အမေရိကန်ပြည်ထောင်စုက ဧပြီ ၁၀ ရက်နေ့တွင် စတင်လိုက်ရာ အမြဲတမ်းသံရုံးဖွင့်လှစ်ရေးအတွက် ပထမခြေလှမ်းဖြစ်နိုင်ဖွယ်ရှိသည်။

“ပိုမိုငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ဒီမိုကရက်တစ် လွတ်လပ်မှုအတွက် အောင်မြင်မှုတွေရဖို့ မြန်မာနိုင်ငံအတွင်း မြောက်များစွာ စွန့်လွတ် အနစ်နာခံခဲ့ရမှုတွေအတွက် အားပေးကူညီဖို့ အမေရိကန်ပြည်သူတွေက သန္နိဋ္ဌာန်ချထားပါတယ်။ ဒီရည်မှန်းချက်တွေ ရှေ့ဆက် ဖော်ဆောင်ရာမှာ မြန်မာအစိုးရနဲ့အတူတကွ လက်တွဲဆောင်ရွက်နိုင်ဖို့အတွက် ဒီရုံးအသစ်က ကျွန်တော်တို့ရဲ့ လုပ်ကိုင်နိုင် စွမ်းရည်တွေကို ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်” ဟု ရုံးသစ် ပန္နက်ချအခမ်းအနားတွင် အမေရိကန်သံအမတ်ကြီးမာစီရယ်က ပြောကြားသည်။

ဧပြီ ၁၀ ရက်နေ့က ပြုလုပ်သည့် တရားဝင် ပန္နက်ချသည့် အခမ်းအနားသို့ စကော့မာစီရယ်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့ တက်ရောက်ခဲ့သည်။ အဆိုပါရုံးသည် Hilton နေပြည်တော်ဟိုတယ်ဝင်းအတွင်း၌ တည်ရှိသည်။

သံရုံးဆက်ဆံရေးရုံး တည်ဆောက်မှုသည် ၂၀၂၀ ခုနှစ်တွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး အမေရိကန်အရာရှိ သုံးဦးနှင့် ဌာနေခန့်ဝန်ထမ်း အယောက် ၂၀ ကို ကနဦး ထားရှိသွားမည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါရုံးသည် အမေရိကန်အစိုးရ နေပြည်တော်တွင် အမြဲတမ်း ကိုယ်စားပြု ရှိနေခြင်းကို ပြသနေပြီး ပိုမိုတိုးတက်လာသည့် အမေရိကန်သံတမန်များနှင့် မြန်မာအစိုးရအကြား ထိတွေ့ဆက်ဆံရေး လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဟုလည်း ဆိုသည်။

ထို့ပြင် သင့်တော်သော မြေနေရာသတ်မှတ်၍ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် သံရုံးဆောက်လုပ်ရန် ခြံဝင်းတစ်ခုအတွက်လည်း အစီအစဉ် စတင်ချမှတ်နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ နေပြည်တော်သည် လူဦးရေ တစ်သန်းနီးပါးရှိနေပြီး မြန်မာနိုင်ငံ၏ တတိယမြောက် လူနေ အထူထပ်ဆုံးမြို့ ဖြစ်သည်။ နေပြည်တော်သည် ပြည်ထောင်စုအဆင့်လွှတ်တော်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများ ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။

လက်ရှိတွင် နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်တည်ရှိပြီး ကုလသမဂ္ဂရုံးပေါင်း ၁၇ ရုံးထဲမှ ၁၂ ရုံးလည်း ဖွင့်လှစ်ထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ ပံ့ပိုးရေးနိုင်ငံတကာအဖွဲ့အစည်း (IDEA)၊ Westminster Foundation for Democracy (WFD)၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် ကမ္ဘာ့ဘဏ်လည်း ရုံးစိုက်ပြီး လုပ်ငန်း လည်ပတ်နေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဆက်ဆံရေးရုံးနှင့် ဘင်္ဂလားဒေ့ရှ်သံရုံးတို့လည်း နေပြည်တော်တွင် အခြေစိုက်ထားပြီး အခြားသော နိုင်ငံတကာသံရုံးများလည်း ပြောင်းရွှေ့လာမည့် အလားအလာရှိနေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.