နှစ် ၃၀ ကျော်အတွင်း နိုင်ငံ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်သည့် ၇၂ ကြိမ်မြောက်အာဇာနည်နေ့

ဟိန်းသာ

ယနေ့ကျရောက်သည့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့အာဇာနည်ကုန်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲများအားလုံး စုံညီစွာတက်ရောက်ခဲ့သည့် ထူးခြားသောနှစ်ဖြစ်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ စုံညီတက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချ ဦးညွတ်အလေးပြုခဲ့ကြသည်။

အာဇာနည် ကိုးဦး၏မိသားစုများ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များလည်း စုံညီတက်ရောက်ခဲ့ကြသည်။

အာဇာနည်နေ့အခမ်းအနားသည် ပြီးခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် နိုင်ငံခေါင်းဆောင်များ စုံညီတက်ရောက်ခြင်းမရှိဘဲ ကျင်းပပြီးဆုံးခဲ့ရသည်။ အရပ်သားအစိုးရ ပြောင်းလဲလာသော်လည်း သမ္မတဦးသိန်းစိန်၊ သမ္မတဦးထင်ကျော်နှင့် သမ္မတဦးဝင်းမြင့်တို့မှာ အာဇာနည်နေ့အခမ်းအနား မတက်ရောက်ခဲ့ပေ။

၁၉၈၁ တွင် သမ္မတ ဦးစန်းယုလက်ထက်၌ အာဇာနည်နေ့အခမ်းအနားကို သမ္မတကိုယ်တိုင် တက်ရောက်ခဲ့ဖူးသည်။ ထို့နောက် ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုအပြီး နိုင်ငံတော်အဆင့် အခမ်းအနား မကျင်းပတော့ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ဝန်တို့ကသာ တာဝန်ယူကျင်းပခဲ့ကြသည်။

ယခုနှစ်သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း နိုင်ငံတော်၏ ခေါင်းဆောင်များ စုံညီစွာတက်ရောက်ပြီး ကျဆုံးခဲ့သော အာဇာနည်များကို အတူတကွဦးညွှတ်ကြသည့် ထူးခြားသော အာဇာနည်နေ့ဖြစ်ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar