လျှပ်စစ်ဓာတ်အားပေးစီမံကိန်းအတွက် ရိုးမနှင့် Norfund တို့ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ မေ ၂

ကျေးလက်နေဒေသများတွင် လျှပ်စစ်စွမ်းအင်ဖြန့်ဝေရန်နှင့် နိုင်ငံအတွင်း ဆက်သွယ်ရေးမျှော်စင်များအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်မီးပေးစက်များတည်ဆောက်ရန်အတွက် နော်ဝေအစိုးရပိုင် Norfund နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု Yoma Strategic က ကြေညာလိုက်သည်။

ဖက်စပ်ကုမ္ပဏီဖြစ်လာမည့် Yoma Micro Power (S) Pte.Ltd. တွင် Yoma Strategic နှင့် Norfund တို့က အစုရှယ်ရာ ၄၇ ဒသမ ၅ ရာခိုင်နှုန်းစီပိုင်ဆိုင်မည်ဖြစ်ကာ ကျန်ရှိသည့် ရှယ်ယာ ငါးရာခိုင်နှုန်းကို စီမံကိန်းအား ဦးဆောင်မည့် Mr. Alakesh Chetia က ပိုင်ဆိုင်မည်ဟု ရိုးမ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းစတင်ရန် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာနှစ်သန်းအနက် တစ်သန်းကို Yoma Strategic က ထည့်ဝင်မည်ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ကုမ္ပဏီစတင်ရန်နှင့် မြန်မာနိုင်ငံ စစ်ကိုင်းဒေသအတွင်းတွင် ကနဦး လေ့လာစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုစီမံကိန်းသည် ကျေးလက်ဒေသများ၏ လျှပ်စစ်စွမ်းအင်ပြဿနာကို ဖြေရှင်းပေးနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် အလွန် စိတ်လှုပ်ရှားမိသလို ယုံကြည်အားကိုးရသည့် သဘာဝလျှပ်စစ်စွမ်းအင်များ ပေးအပ်လိုသည့် ၎င်းတို့၏ဆန္ဒ အကောင်အထည်ပေါ်ရန် အောင်မြင်သော ကနဦးစမ်းသပ်လေ့လာမှုများကို မျှော်မှန်းထားကြောင်း Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Melvyn Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ယခုစီမံကိန်းသည် ကျေးလက်နေဒေသများတွင် ဆက်သွယ်ရေးမျှော်စင်နှင့် ကွန်ယက်များအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ရေရှည်တွင် ရရှိစေမည်ဟု ဆိုသည်။

လျှပ်စစ်စွမ်းအင်မရရှိသေးသည့် နေရာဒေသများတွင် နေရောင်ခြည်သုံး စွမ်းအင်စနစ်များ၊ ဒီဇယ်သုံး မီးပေးစက်များနှင့် စွမ်းအင်သိုလှောင်မှုစနစ်တို့ဖြင့် ပူးပေါင်းဆောက်လုပ်ထားသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ပြီး နီးစပ်ရာအိမ်ထောင်စုများသည် လျှပ်စစ်ဓာတ်အားကို လျှပ်စစ်မီးပေးစက်များမှတဆင့် ရယူသုံးစွဲနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.