လေယာဉ်မှူးတစ်ဦးနှင့်အတူ တပ်မတော် ဂျက်လေယာဉ်တစ်စီး ပျောက်ဆုံး

နေပြည်တော်၊ စက်တင်ဘာ ၅

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်တိုက်လေယာဉ်တစ်စီးသည် လေယာဉ်မှူးနှင့်အတူ ယနေ့နံနက်ပိုင်း ပျောက်ဆုံးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ G-4 ဂျက်လေယာဉ် သုံးစီးသည် ပုသိမ်လေဆိပ်မှ ယနေ့နံနက်ပိုင်းတွင် စတင်ပျံသန်း လေ့ကျင့်ခဲ့ကြသည့်အနက် လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်သည့် လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လေယာဉ်နှင့် ပုသိမ်လေဆိပ် နောက်ဆုံးအဆက်အသွယ်ရရှိသည့်အနေရာမှာ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

“အဆိုပါပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Soko G-4 Super Galeb ဟုလည်း ခေါ်ဝေါ်သည့် အင်ဂျင်တစ်လုံးတပ်အဆိုပါ လေ့ကျင့်ပျံသန်းရေးနှင့် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ယူဂိုစလားဗီးယားနိုင်ငံက ထုတ်လုပ်ထားခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် လက်နက်တပ်ဆင်ထားသည့် Soko G-4 Super Galeb လေယာဉ်အစီး ၂၀ ကို မြန်မာ့တပ်မတော်က ယူဂိုစလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် တပ်မတော်(လေ) တွင် G-4 ဂျက်တိုက်လေယာဉ်လေးစင်းရှိသည်ဟု GlobalSecurity.org က ရေးသားထားသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း တပ်မတော်(လေ) မှ Y8 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၁၂၂ ဦးသေဆုံးခဲ့ရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar