မြန်မာနိုင်ငံအနေနဲ့ လေကြောင်းပိုင်နက်ကို ထိရောက်စွာနဲ့ ဘေးကင်းစွာ အသုံးချနိုင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍ၌ အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ရန် လိုအပ်နေသည်ဟု ဝေဖန်သူများ ရှိနေသည်။ ထို့ပြင် ရန်ကုန်မြို့အနီးတွင် လေဆိပ်အသစ်တစ်ခု ဆောက်လုပ်မည့် စီမံကိန်းမှာ စီးပွားရေးအရ ရေတိုတွင် ဖြစ်လာနိုင်ဖွယ်ရှိမရှိ ငြင်းခုံမှုများ ရှိနေသည်။ 

မလေးရှားနိုင်ငံရှိ Honeywell International ၏ လေကြောင်းကဏ္ဍဦးဆောင်သူနှင့် Honeywell Aerospace ၏ လေကြောင်းလိုင်းများဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Brian Davis က မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် လေဆိပ်ကြီးကြီးနှင့် ပြေးလမ်းရှည်ရှည် တည်ဆောက်လိုက်ရုံဖြင့် မြန်မာနိုင်ငံအတွက် ဘေးကင်းမှုနှင့် ထိရောက်မှုတို့အတွက် မလုံလောက်သေးကြောင်း Frontier ကို ရှင်းပြခဲ့သည်။ 

မြန်မာနိုင်ငံရဲ့ လေကြောင်း အခြေခံအဆောက်အအုံတွေရဲ့ အခြေအနေက ဘယ်လိုလဲ။ အနာဂတ်မှာ ခရီးသွားများတွေ များပြားလာမှုကိုဖြေရှင်းဖို့ ရင်းနှီးမြုပ်နှံမှု ဘယ်လောက်လိုအပ်မှာလဲ။

မြန်မာနိုင်ငံမှာ လေကြောင်းနဲ့ ခရီးသွားသူတွေဟာ ပြီးခဲ့တဲ့ခြောက်နှစ်မှာ တိုင်းပြည်ပွင့်လန်းလာပြီးကတည်းက အတော်အသင့် တိုးတက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လေကြောင်း ခရီးသည် တိုးပွားနှုန်းက ၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ အဲဒါက စီးပွားရေးတိုးတက်မှု အားကောင်းလာခြင်းနဲ့ အရှေ့တောင်အာရှရဲ့ စီးပွားရေး တိုးတက်လာနေတာကြောင့် ဖြစ်ပါတယ်။ 

ဒီလိုပိုမိုများပြားလာတဲ့ လေကြောင်းခရီးသွားတွေအတွက် ရှိပြီးသားလေကြောင်းသွားလာရေး အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်ဖို့လိုအပ်တယ်ဆိုတာကို မြန်မာအစိုးရက သိရှိပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လေဆိပ်ဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဆောက်အအုံတွေနဲ့ ပြေးလမ်းကို အဆင့်မြင့်တင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ သူူ့ရဲ့ လေကြောင်းပိုင်နက်ကို ထိရောက်စွာနဲ့ ဘေးကင်းစွာ အသုံးချနိုင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ လေဆိပ်တွေကို ချဲ့ထွင်သလို လေကြောင်းပိုင်နက်ကို တိုးချဲ့လို့မရပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံကိုနဲ့ မြန်မာနိုင်ငံကနေ၊ နောက်မြန်မာနိုင်ငံတွင်း သွားလာဖို့ ရနိုင်တဲ့ လေကြောင်းသွားလာရေး လမ်းကြောင်းတွေ နည်းပါးနေပါသေးတယ်။ Honeywell က အဲဒီ စိန်ခေါ်မှုတွေကို ကောင်းစွာ နားလည်ပြီး လိုအပ်တဲ့ လေယာဉ်လမ်းကြောင်း စီမံခန့်ခွဲရေး နည်းပညာတွေကို ပေးနိုင်ဖို့အတွက် လေကြောင်းလိုင်းတွေ၊ လေဆိပ်တွေ၊  မြန်မာနိုင်ငံက မူဝါဒချမှတ်တွေနဲ့ အတူလုပ်ဆောင်နေပါတယ်။

ဆွေးနွေးမှု အများဆုံးကိစ္စက်တော့ ရန်ကုန်ရဲ့ အဓိကလေဆိပ်ကို ပဲခူးက ဟံသာဝတီနေရာကို ပြောင်းရွှေ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီစီမံကိန်းက ဒေါ်လဘီလျံများစွာ ကုန်ကျမယ့် ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လေကြောင်း ခရီးသည်အရေအတွက် တိုးပွားလာမှုသည် အဲဒီလောက် အကုန်အကျများသော စီမံကိန်း လုပ်ဆောင်ဖို့ အမှန်တကယ်လိုအပ်ရဲ့လား။

လေဆိပ်တွေ တည်ဆောက်ရခြင်းက အလွန် အကုန်အကျများတဲ့ ကိစ္စဖြစ်ပါတယ်။ ဟံသာဝတီလေဆိပ်လိုမျိုး စီမံကိန်းတွေက အကုန်အကျများပေမယ့် မြန်မာနိုင်ငံရဲ့ လေကြောင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ရေရှည်စီမံကိန်းသာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ ပေးနိုင်ပါတယ်။ အဲဒီ အခွင့်အလမ်းတွေထဲမှာ ခရီးသွားလုပ်ငန်းကို အထောက်အပံ့ ဖြစ်စေတာ၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာ၊ လေကြောင်းနှင့် ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ မျှဝေရယူနိုင်ခြင်းတွေ ပါဝင်ပါတယ်။ 

လေဆိပ်များအတွက် ရင်းနှီးမြုပ်နှံခြင်းက အကျိုးကျေးဇူးများစွာရှိတာ မှန်ပေမယ့် တည်ဆောက်ရေးလုပ်ငန်းကတော့ ရှုပ်ထွေးပြီး အချိန်ကြာမြင့်နိုင်ပါတယ်။ တစ်ချိန်းတည်းမှာပဲ တိုးပွားလာတဲ့ လေကြောင်းခရီးသွားအရေအတွက်က လက်ရှိ လေဆိပ်တွေအတွက် ဝန်ပိမှုကို ဖြစ်စေပြီး ဘေးကင်းလုံခြုံမှုကိုလည်း ထိခိုက်ပါတယ်။ လေကြောင်းသွားလာရေး စီမံခန့်ခွဲမှု (Air Traffic Management ATM) နည်းပညာက မြန်မာနိုင်ငံနဲ့ သင့်တော်ပါတယ်။ လေဆိပ်သစ်တွေကို တိုးချဲ့တည်ဆောက်နေစဉ်မှာပဲ တိုးပွားလာတဲ့ လေကြောင်းခရီးသွားတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြားခံအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ATM နည်းပညာကို အသုံးချခြင်းက နိုင်ငံတွင်း ရေရှည်မှာ လေကြောင်းခရီးသွား တိုးပွားမှုကို အထောက်အပံ့ ပေးနိုင်ရုံသာမက လေဆိပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဘေးကင်းမှုကိုပါ ရရှိစေနိုင်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝန်ပိမှုတွေ ဖြစ်နေပါသလား။ အဲဒါက ဘယ်လောက်ထိရှိနေပါလဲ။ 

အစောပိုင်းက ပြောခဲ့သလိုပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မကြာသေးမီက တိုးချဲ့ အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လေကြောင်းခရီးသွားတွေ များပြားလာတဲ့ ဈေးကွက်လိုအပ်ချက်ကို အရယူဖို့အတွက် နိုင်ငံတကာလေကြောင်းလိုင်းအများအပြား ရောက်ရှိလာကြတဲ့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်တွေ တိုးတိုးလာတာကို မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း နိုင်ငံတကာလေကြောင်းလိုင်းအရေအတွက် နှစ်ဆတိုးလာပါတယ်။ အဲဒါကြောင့် လေကြောင်းပိုင်နက် ကြပ်တောက်မလာခင်မှာ လေကြောင်းပိုင်နက်အတွင်း လုံခြုံစွာနဲ့ ထိရောက်စွာအသုံးပြုနိုင်မှုကို အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မြန်မာနိုင်ငံက အခြားလေဆိပ်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် Honeywell ရဲ့ ATM နည်းပညာဖြစ်တဲ့ SmartPath Ground-Based Augmentation System ကို သုံးကြည့်နိုင်ပါတယ်။ အဲဒီစနစ်က လေယာဉ်များကို တိကျသော ချဉ်းကပ်မှုနဲ့ လေယာဉ် ဆင်းသက်မှုကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဘေးကင်းလုံခြုံမှု ရှိစေနိုင်ပြီး လေယာဉ်အများအပြားဟာ ပြေးလမ်းအများအပြားမှာ တပြိုင်နက် အဆင်းအတက် လုပ်ဆောင်စေနိုင်ပါတယ်။ အဲဒီနည်းပညာက လေဆိပ်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး လေယာဉ်ဆူညံသံတွေကို လျှော့ချပေးကာ မိုးလေဝသကြောင့် ဖြစ်ပွားတတ်တဲ့ နှောင့်နှေးမှုတွေကိုလည်း လျှော့ချနိုင်ပါတယ်။

လေဆိပ်တွေအတွက် မြေပြင်အခြေစိုက် နည်းပညာအပြင် လေကြောင်းလိုင်းတွေအတွက် ဝေဟင်အခြေစိုက် ATM နည်းပညာပါ လုပ်ဆောင်နိုင်တာကြောင့် လေယာဉ်တွေဟာ ဘေးကင်းစွာ ပျံသန်းဆင်းသက်နိုင်မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ပြည်တွင်းလေဆိပ်တွေကို အဆင့်မြှင့်တင်ဖို့အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တင်ဒါတွေ ခေါ်ယူခဲ့ပါတယ်။ အဲဒီအဆင့်မြှင့်တင်မှုက ဘယ်လောက်ထိ ကျယ်ပြန့်သလဲ။ ဘာတွေကို အဓိကထားမှာလဲ။

လေကြောင်းသွားလာရေးဆိုင်ရာ ဗဟိုဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလေဆိပ်တွေမှာ အခြေခံ ကိရိယာတွေသာရှိပြီး မရှိမဖြစ် လိုအပ်တဲ့ လေယာဉ်ဆီ ပြန်လည်ဖြည့်တင်းရန် အဆောက်အအုံနှင့် ပြေးလမ်းမီးများပင် မရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒါက လေဆိပ်ရဲ့ စွမ်းဆောင်ရည်ကို များစွာကျဆင်းစေပြီး လေဆိပ်ကို ထိရောက်စွာလည်း အသုံးမချနိုင်ပါဘူး။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အဲဒီလိုအပ်ချက်တွေကို သိရှိထားပြီး ပြည်တွင်းလေဆိပ်တွေကို ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်။

နည်းပညာအသုံးပြုမှုနဲ့ ဌာနရဲ့ဝန်ထမ်းတွေရဲ့ စွမ်းရည်မြင့်တက်လာစေဖို့အတွက ်ဌာနက ဘယ်လောက်အထိ အဆင့်မြှင့်တင်မှုတွေ လုပ်ခဲ့ပါသလဲ။

အကောင်အထည်ရှိတဲ့ အခြေခံ အဆောက်အအုံတွေသာမက မမြင်ရတဲ့ အခြေခံအဆောက်အအုံတွေပါ အတူတကွ တွဲဖက် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာကို ဌာနက သိရှိနားလည်ထားပါတယ်။ ဌာနဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းခရီးသွားကဏ္ဍ ဘေးကင်းမှု ရှိစေဖို့အတွက် Honeywell နှင့်အတူ ၂၀၁၄ ခုနှစ်ကတည်းက ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွေမျာ ဂြိုလ်တုအခြေပြု သွားလာရေးနည်းပညာတွေ တပ်ဆင်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် လေယာဉ်တွေဟာ တိုတောင်းတဲ့ တိုက်ရိုက်လမ်းကြောင်းတွေကို အသုံးပြု၍ သွားလာနိုင်ခြင်းအပြင် ပျံသန်းဆင်းသက်မှုမှာ ပိုမိုကောင်းမွန်လာပါတယ်။ 

ခေါင်းစီးဓါတ်ပုံ- Honeywell Areospace ၏ လေကြောင်းလိုင်းဆိုင်ရာဒုက္ကဋ္ဌ Brian Davis။ ဓာတ်ပုံ-Supply

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar