ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည်ရောက်ရှိမှု တိုးလာ

မြန်မာနိုင်ငံ၏ အဓိကလေဆိပ်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုနှစ် ပထမလေးလအတွင်း ခရီးသည်ရောက်ရှိမှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေသော Yangon Aerodrome Company Limited (YACL) က ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ပထမ လေးလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသည် ၂ ဒသမ ၃၂ သန်းကို လေဆိပ်က လက်ခံ ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ အလားတူကာလက လက်ခံဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏမှာ ၂ ဒသမ ၂၂ သန်းဖြစ်သည်ဟု YACL က ဆိုသည်။

ထိုကာလအတွင်း ပြည်ပခရီးသည်အရေအတွက်က ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သော်လည်း ပြည်တွင်းခရီးသွားအရေအတွက်မှာမူ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။

“ပြည်တွင်းလေကြောင်းခရီးသွားနှုန်း တိုးတက်မှုလျော့ကျသွားပေမယ့် ကျွန်တော်တို့ရဲ့ ပြည်ပခရီးစဉ်တွေ တိုးချဲ့ပျံသန်းမှုက တိုးတက်အောင်မြင်နေပါတယ်” ဟု YACL ၏ အမှုဆောင်အရာရှိချုပ် Ho Chee Tong က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၀ အား လက်ခံဝန်ဆောင်မှုပေးနေပြီး အာရှနိုင်ငံ ၁၁ နိုင်ငံမှ မြို့ကြီး ၂၈ ခုနှင့် ခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲနေသည်။ ပြီးခဲ့သည့်နှစ်က လေကြောင်းလိုင်း ၂၇ ခုကိုသာရှိခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံမှ မြို့ကြီး ၂၂ သို့ ခရီးစဉ်များ ပြေးဆွဲခဲ့သည်။

YACL အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အာရှဒေသတွင်းခရီးစဉ်များ ပိုမိုပျံသန်းလာရေးအတွက် အားထုတ်ဆောင်ရွက်နေသည်ဟု Ho Chee Tong က ဆက်လက်ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar