နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၌ အပြည်ပြည်ဆိုင်ရာတရားရုံးကြားနာပွဲများကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင်နေသည်။ ယင်းသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ခြင်းဖြစ်နိုင်သကဲ့သို့ ၎င်း၏ပုံရိပ်ကိုလည်း ပြန်လည်မွမ်းမံခြင်းဖြစ်နိုင်သည်ဖြစ်ရာ နိုင်ငံတကာသုံးသပ်သူများနှင့် ပြည်တွင်းရှိ လူထုအကြားတွင် အမြင်အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသည်။

လွန်မင်းမန်

ရက္ခိုင့်တပ်မတော် (အေအေ)အဖွဲ့က ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က နိုဝင်ဘာလ ၄ ရက်တွင် တောင်းဆိုသည်။