တောင့်တင်းလုံလောက်သည့် လုံခြုံရေးရှိမှသာ မိမိတို့ နေရပ်တွင် အစဉ်အမြဲပြန်လည်နေထိုင်ရန် ဖြစ်နိုင်မည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မေယုတောင်တန်းအနီးတဝိုက် ရခိုင်ရွာများမှ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူ ရခိုင်တိုင်းရင်းသားများက ပြောကြားကြသည်။