နေပြည်တော်၊ ဇန်နဝါရီ ၁၄
အောင်ဘာလေထီလက်မှတ်များကို မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ
စက္ကူထီလက်မှတ်များဖြင့် ရောင်းချလျက်ရှိသည့် အောင်ဘာလေထီကို လာမည့် ဘဏ္ဍာနှစ်တွင် E-Lottery စနစ်သို့ ပြောင်းလဲ ရောင်းချမည်ဟုဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က Frontier ကို ပြောသည်။
“အောင်ဘာလေထီ ဥပဒေကြမ်းကို လွှတ်တော်ကို ပို့ထားပြီးပါပြီ။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဆွေးနွေးကြပြီး နောက်လွှတ်တော်ကို ဆက်ပြီး carry လုပ်မယ်လို့ ပြောပါတယ်။ နောက်လွှတ်တော်အသစ်က အတည်ပြုပြီးပြီဆိုရင် လာမယ့် ၂၀၁၆ ဘဏ္ဍာနှစ်ထဲမှာ ဖြစ်နိုင်မယ် လုပ်နိုင်မယ်ထင်ပါတယ်။ လုပ်ငန်း တင်ဒါအတွက်တော့ ပြည်တွင်းပြည်ပပေါ့။ အကုန်လုံးကို ခေါ်ပါမယ်။ အစိုးရက ဆက်ပါနေပါမယ်။ ပုဂ္ဂလိကကို လုံးဝပေးလိုက်တာမျိုး မဟုတ်ပါဘူး၊ ဖက်စပ်ပုံစံမျိုးပါ” ဟု ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၎င်းက ပြောကြားသည်။
“E-lottery က စင်ကာပူတို့၊ မလေးရှားတို့ ကိုရီးယားတို့မှာ လုပ်တဲ့ထီမျိုးပါ။ ဆိုင်ကလေးတွေမှာ စက်ကလေးတွေနဲ့ ရောင်းတယ်။ ကိုယ်ထိုးချင်တဲ့ အကွက်ကို ပြောလိုက်တာနဲ့ လက်မှတ်ကတော့ ကူပွန်တွေ ထွက်လာမယ်” ဟု ၎င်းကပြောသည်။
အောင်ဘာလေထီကို လစဉ်ဖွင့်လှစ်နေပြီး ထီတစ်စောင်လ ျှင် ၂၀၀ ကျပ်ဖြစ်ကာ အမြင့်ဆုံးဆုမဲမှာ ကျပ်သိန်း ၁,၅၀၀ ဖြစ်သည်။
သတင်း- စိုးသန်းလင်း