ရန်ကုန်
မော်တော်ယာဉ်များ လမ်းလျောက်သူများနှင့် ရှုပ်ထွေးနေသည့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းဆုံ။ ဓာတ်ပုံ- Frontier
မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများနှင့် သေဆုံးမှုများ လေ ျှာ့ချနိုင်ရန်အတွက် “ပိုမိုဘေးကင်းသော လမ်းမများဆီသို့” လှုပ်ရှားမှု အစီအစဉ်ကို ဧပြီ ၆ ရက်နေ့က စတင်ဆောင်ရွက်နေသည်။
ယာဉ်မတော်တဆမှုများနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် နေ့စဉ် လူ ၁၁ ဦး သေဆုံးနေသဖြင့် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံး ဖြစ်နေသည်။
ယခုလှုပ်ရှားမှုအစီအစဉ်အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အီတလီနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် CESVI တို့နှင့်အတူ HEINEKEN ကုမ္ပဏီ၏ မြန်မာနိုင်ငံ ရုံးခွဲတစ်ခုဖြစ်သည့် APB ALLIANCE BREWERY COMPANY LTD တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
“လူထုက လမ်းစည်းကမ်းကို သိရှိလိုက်နာစေဖို့က အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရှိန်မြှင့် မမောင်းဖို့၊ ခါးပတ်ပတ်ထားဖို့၊ အရက်သေစာသောက်စားပြီး မမောင်းဖို့နဲ့ ကားမောင်းနေစဉ် ဖုန်းမသုံးဖို့တွေက မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ အသက်အန္တရာယ် မဖြစ်စေဖို့ အဓိကအချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလှုပ်ရှားမှုကို စိတ်တူကိုယ်တူ ပါဝင်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ကြမယ်ဆိုရင် မတော်တဆမှုတွေနဲ့ သေဆုံးမှုတွေကို လေ ျှာ့ချသွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကိုကိုက ပြောကြားသည်။
အစီအစဉ်အရ လမ်းမများပေါ်တွင် ဘေးကင်းလုံခြုံရေးအတွက် ပညာပေးအစီအစဉ်များကို ရေဒီယိုတွင် ထုတ်လွှင့်ရန် ဆောင်ရွက်သွားမည်ဟု CESVI ၏ ဌာနေကိုယ်စားလှယ် MR PIETRO FIORE က ပြောကြားသည်။
“ကျွန်တော်တို့က လမ်းမများ ဘေးကင်းလုံခြုံရေးအတွက်နဲ့ ပညာပေးအစီအစဉ်တွေကို ရေဒီယိုမှာ ဟောပြောပွဲအစီအစဉ် စီးရီးလိုက် လုပ်သွားဖို့ အာရုံစိုက်ထားပါတယ်။ လူငယ်တွေက ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ လူငယ်တွေကို သင်ကြားပေးရင် နောင် သူတို့ကြီးပြင်းလာတဲ့အခါ လမ်းပေါ်မှာ တာဝန်သိသိ မောင်းနှင်ကြပါလိမ့်မယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် အွန်လိုင်း၊ ပုံနှိပ်နှင့် သြင်္ကန်ဘေဘုတ် ကြေညာလှုပ်ရှားမှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်သလို လမ်းမများ ဘေးကင်းလုံခြုံမှု အက်ပ်လီကေးရှင်း အခမဲ့ ထုတ်ဝေရန်၊ ကာတွန်းရုပ်ပုံ ခုနှစ်ခုအနက် တစ်ခုကို မေလအစောပိုင်းတွင် ထုတ်ဝေရန်နှင့် လာမည့် ဇူလိုင်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းမများ ဘေးကင်းလုံခြုံရေး ဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပရန်တို့ကိုလည်း စီစဉ်ထားသည်။
“ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဗဟုသုတက အရေးကြီးပါတယ်။ ဒါကိုလိုက်နာအောင် ကြပ်မတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ ကျွန်တော်တို့ လမ်းတွေ ဘေးကင်းနိုင်မယ်။ အရင်တုန်းကတော့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ထိထိရောက်ရောက် အသက်ဝင် လိုက်နာအောင်လုပ်ဖို့ အရင်းအမြစ်တွေ အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ကစပြီး ကျွန်တော်တို့ ကောင်းမွန်သော ပြောင်းလဲမှုတစ်ခုအဖြစ် လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေး ပြောကြားသည်။
class=
APB ABC မှ DIRECTOR CORPO- RATE RELATIONS ဖြစ်သူ MS ZITA SCHELLEKENS က “ကားတင်သွင်းမှု စည်းမျဉ်းတွေ ဖြေလျော့လိုက်တာကနေ ကားတွေအများကြီး ဝင်ရောက်လာခဲ့ပြီး ရလဒ်အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေ ပိုများလာခဲ့ပါတယ်။ လမ်းတွေပေါ်မှာ အတွေ့အကြုံမရှိတဲ့ ယာဉ်မောင်းသူတွေ များပြားလာတာဟာလည်း အန္တရယ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေပါတယ်”ဟု ပြောကြားသည်။
သတင်း- Frontier