မြန်မာစပါးကြီးမြွေ ပါဝင်ထိုးသတ်မည့် ရန်ကုန်က အမ်အမ်အေပွဲ

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၆ ရက်က လေ့ကျင့်နေသည့် အောင်လအန်ဆိုင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၆ ရက်က လေ့ကျင့်နေသည့် အောင်လအန်ဆိုင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ

မြန်မာစပါးကြီးမြွေ (Burmese Python)ဟု အမေရိကန်နိုင်ငံတွင် ကျော်ကြားသည့် ကချင်လူမျိုး အောင်လအန်ဆိုင်းသည် ရန်ကုန်မြို့တွင် မတ်လအတွင်း ကျင်းပမည့် Mixed Martial Art-MMA ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။

ကိုယ်ခံပညာပေါင်းစုံအသုံးပြုကာ ထိုးသတ်ယှဉ်ပြိုင်ရသည့် အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်အဖြစ် စင်ကာပူမှ မီဒီယာ လုပ်ငန်းစုဖြစ်သည့် One Championship (ONE)နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်းကာ မတ် ၁၈ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆိုင်းသည် အမေရိကန်နိုင်ငံသား ဂျိတ်ဘတ်ကာနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဟု Eleven Media က ရေးသားထားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည် အောင်လအန်ဆိုင်းသည် ၂၀၀၅ ခုနှစ်မှ စတင်ကာ MMA လောကသို့ စတင်ရောက်ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး လာရောက် ထိုးသတ်ခြင်းဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံမှ ၂၀၀၃ ခုနှစ်တွင် ထွက်ခွာသွားပြီးနောက် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်တွင် နေထိုင်နေသည်။ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဇန်နဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ခြင်းဖြစ်ကာ သုံးရက်ခန့် နေထိုင်မည်ဖြစ်သည်။ ၎င်းက မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် မိခင်မြေသို့ ပထမဆုံး ပြန်လည်လာရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၎င်း၏ ဆုကြေးငွေများကို လှူဒါန်းခဲ့သူလည်းဖြစ်သည်။

MMA ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာမှ အားကစားသမားများအပြင် မြန်မာလက်ဝှေ့သမားများပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

သတင်း- Frontier သတင်းအဖွဲ့

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar