🎶 ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ်…🎵
ဒီစာသားလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က တိုက်ခန်းတစ်ခုရဲ့ ကက်ဆက်ကနေ လွင့်ပျံထွက်လာပါတယ်။ တိုက်ခန်းထဲမှာတော့ နာမည်ကျော် လူကြိုက်များတဲ့အခွေတွေအပြင် ရှားပါးအခွေတွေနဲ့အပြည့်ပါပဲ။
ဒီစုဆောင်းမှုရဲ့နောက်ကွယ်က မြန်မာလူငယ် တိတ်ခွေဝါသနာရှင် ကိုရှိန်မင်းကိုထံကို ဒီ podcast ကနေတစ်ဆင့် ခေါ်ဆောင်သွားမှာပါ။