အဲလက်စ် ဘွတ်ခ်ဘိုင်ဒါ ရေးသားသည်။
/></p><p><em>ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ကို နိုင်ငံရေးဟောပြောပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓါတ်ပုံ – ABFSU CWC)</em></p><p>ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုသည် အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် နေ့လည် ၁၂ နာရီခန့်တွင် ဖမ်းဆီးခံရသည်ဟု ဗကသ ကျောင်းသားခေါင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူက အတည်ပြုပြောသည်။</p><p>ပညာရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသည့် ပညာရေးဥပဒေသည် ဗဟိုချုပ်ကိုင်မှုများလွန်းခြင်းနှင့် ပညာရှင်များကို နေရာမပေးခြင်း၊ ကျောင်းသားသမဂ္ဂများကို အသိအမှတ်မပြုခြင်း စသည့်အကြောင်းရင်းများကြောင့် နိုင်ငံတဝန်းမှ ကျောင်းသားသမဂ္ဂများက ချီတက်ဆန္ဒပြခဲ့သည်။</p><p>ထို့နောက် ခရီးရှည်ချီတက်ဆန္ဒပြပွဲကို လက်ပံတန်းမြို့တွင် အာဏာပိုင်များ၏ ပိတ်ဆို့ဟန့်တားမှုကြောင့် ထိုင်သပိတ်အဖြစ်ပြောင်းလဲခဲ့ပြီး မတ် ၁၀ ရက်တွင် ကျောင်းသားများကို အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ကျောင်းသားပေါင်း ၆၀ ကျော်မှာ လက်ရှိအချိန်ထိ သာယာဝတီအကျဉ်းထောင်တွင်း ရှိနေဆဲဖြစ်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည်။</p><p>မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က “အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ်မှောက် တောင်းဆိုဆန္ဒပြခဲ့သည့် ထိန်းသိမ်းခံကျောင်းသူ၊ ကျောင်းသား များနှင့် ဝန်းရံပြည်သူများကို သက်ညှာစွာ စဉ်းစားပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ၎င်းတို့သည် အထွေထွေ ရွေးကောက်ပွဲ၌ လွတ်လပ်စွာ ပါဝင်ဆင်နွှဲခွင့် ရရှိနိုင်မည်” ဟု အောက်တိုဘာ ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။</p><p>သို့သော် အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာတွင် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။</p><p>“ဒီနေ့ ဖြစ်စဉ်က ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ဒီမိုကရေစီဘက်တော်သား အတိုက်အခံအင်အားစုတွေကို ရွေးကောက်ပွဲအလွန်မှာ အားအင်ချိနဲ့အောင် သိသိသာသာထိုးနှက်လိုက်တဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ပါပဲ။ နိုင်ငံတကာအဖွဲ့ အစည်းတွေထက် သူတို့ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ တောင်းဆိုချက်ကိုပါ ချောင်ထိုးထားပြီး ဒီလို လက်ရဲဇက်ရဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ဟာ ရွေးကောက်ပွဲ တရားမျှတမှုအပေါ်မှာလည်း အာမခံမယ့်ပုံမရှိတာကို ပြသတယ်လို့ ယူဆမိတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုမြတ်သူက ဆိုသည်။</p><p>ထို့ပြင် “ကျော်ကိုကိုကို ဖမ်းလိုက်လို့ ဗကသ ရပ်မသွားပါဘူး။ ကျော်ကိုကိုတစ်ယောက်ကို ဖမ်းရင် ကျော်ကိုကို တစ်ရာ ထွက်လာပါလိမ့်မယ်” ဟု သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။</p><p><em>မြတ်ကျော်သူ ပူးတွဲရေးသားသည်။</em></p></body>