တစ်ခုတည်းသော အဖြေ

ကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံခြားငွေကြေးများနှင့် လဲလှယ်ခွင့်ပြုလိုက်ပါ

မြန်မာ့ငွေကြေးပြဿနာဟာ လူတိုင်းပြောနေတဲ့ ဒေါ်လာဈေး ဆက်လက်မြင့်တက်စေမယ့် မှောင်ခိုဈေးကွက် နှုန်းထားအကြောင်းပဲ ဖြစ်ပါတယ်။
လာရီဂျာဂင် ရေးသားသည်။

launchingpartypic.jpg

 /></p><p>ဘဏ်လုပ်ငန်း၊ ငွေကြေးလဲလှယ်သူတွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် လွန်ခဲ့တဲ့ လေးလအတွင်း သက်ရောက်မှုရှိခဲ့တဲ့ အကျပ်အတည်း ဖြစ်ရတဲ့ အဓိကအကြောင်းရင်းဟာ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ မှားယွင်းတဲ့ မူဝါဒကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးပညာရှင်တွေက ဆိုကြပါတယ်။</p><p>အခုနှစ်အစောပိုင်းမှာ ဘဏ်တော်တော်များများနဲ့ ငွေလဲကောင်တာတွေက ဒေါ်လာတွေကို ဆက်လက် ဝယ်ယူနေပေမယ့် သုံးစွဲသူတွေကို ဒေါ်လာရောင်းချမှု ရပ်တန့်ခဲ့လို့ စီးပွားရေးသမားတွေအကြား၊ အထူးသဖြင့် သွင်းကုန်လုပ်ငန်းရှင်တွေအကြားမှာ အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။</p><p>ဒီအခြေအနေကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်က ဘဏ်လဲလှယ်နှုန်းနဲ့ မှောင်ခို ဈေးကွက်နှုန်းထားပဲ ဖြစ်ပါတယ်။</p><p>အစိုးရက နေ့စဉ်ဈေးကွက်နှုန်းထား သတ်မှတ်ဖို့ ရည်ရွယ်တဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက် တစ်ရပ်ကို နေ့စဉ်နဲ့ အမျှ စီမံခန့်ခွဲလျက်ရှိပါတယ်။ အဲဒီ နှုန်းထားဟာဈေးကွက်အတွင်း အမှန်တကယ် ပေါက် နေတဲ့ ဈေးနှုန်းထက် အနည်းငယ် လျော့နည်းခဲ့ပေမယ့် သြင်္ကန်မတိုင်ခင်မှာ အလွဲလွဲအချော်ချော်တွေ ဖြစ်လာ ခဲ့ပါတယ်။</p><p>ဗဟိုဘဏ်အတွင်းမှာ ငွေကြေးမူဝါဒနဲ့ပတ်သက်တဲ့ အလွန်ပြင်းထန်တဲ့ တိုက်ပွဲတစ်ရပ် ရှိနေပြီး အထူး သဖြင့် ကျပ်ငွေတန်ဖိုး လျော့ကျခြင်းနဲ့ ဒေါ်လာငွေ ပြတ်တောက်မှုကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအလယ်မှာတော့ ဒီအခက်အခဲကို ဖြေလျှော့ဖို့ ကြိုးစားတဲ့အနေနဲ့ ဝင်ရောက်ကိုင်တွယ်ခဲ့ပါ တယ်။ ဗဟိုဘဏ်က ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတစ်ရပ်မှာ သွင်းကုန်လုပ်ငန်းရှင် တွေကို အကူအညီပေးဖို့ ကြိုးစားတဲ့အနေနဲ့ ဒေါ်လာတွေကို သူတို့ထံ အစိုးရတရားဝင်နှုန်းထားနဲ့ စတင် ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။</p><p>လောလောဆယ်အထိတော့ အခုလို ဈေးနှုန်းလျှော့ ဆောင်ရွက်တဲ့ အစီအစဉ်ကို စားအုန်းဆီ တင်သွင်း သူတွေကိုသာ ပေးအပ်ထားပြီး ဒါဟာ ဈေးကွက်အတွင်းက စားအုန်းဆီရဲ့ အရေးပါမှုကို အသိအမှတ်ပြုမှုတစ်ခု ပါပဲ။ မြန်မာနိုင်ငံဟာ လစဉ် ကန်ဒေါ်လာသန်း ၄၀ ခန့် တန်ဖိုးရှိ စားအုန်းဆီတွေကို တင်သွင်းလျက်ရှိပါတယ်။ တခြားစားသုံးကုန် တင်သွင်းသူတွေကလည်း မကြာခင်မှာ အလားတူအခွင့်ထူးမျိုးကို လက်ခံရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။<br />ဒါဟာ ငွေကြေးဈေးကွက်အတွင်းကို ဗဟိုဘဏ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ပါ။ ဗဟိုဘဏ်ရဲ့ အဲဒီဆောင်ရွက်ချက်ဟာ “ကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေနဲ့ လဲလှယ် ရောင်းချခွင့်ပြုခြင်းအပေါ် အစိုးရရဲ့ ‘စီမံခန့်ခွဲမှု’ ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ ဆုံးရှုံးမှုကို လျှော့ချပေးတဲ့ ဆန်းသစ် တီထွင်သောနည်းလမ်းတစ်ရပ်” အဖြစ် မက်ကွာရီတက္ကသိုလ်က မြန်မာ့စီးပွားရေး ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သူ ရှောင် တာနယ်လ်က ဖော်ပြခဲ့ပါတယ်။</p><p>ဗဟိုဘဏ်အုပ်ချုပ်သူတွေနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အလားတူ ဝင်ရောက်ဆောင်ရွက်မှုတွေ ထပ် လာဖို့ ရှိသေးတယ်လို့ ဆိုကြပါတယ်။<br />ဒါပေမယ့် တကယ့်ပြဿနာက ဥက္ကဋ္ဌဖြစ်သူဟာ ထိန်းချုပ်ထားတဲ့ ငွေကြေးလဲလှယ်နှုန်းနဲ့ ကြိုတင် ကာကွယ်ပေးထားတဲ့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုကို မရအရ တောင်းဆိုခဲ့တဲ့ အရင်စစ်အစိုးရနဲ့ ဆိုရှယ် လစ်အစိုးရများရဲ့ တင်းကြပ်တဲ့ ချဉ်းကပ်မှုတစ်ခုကို ကိုင်စွဲထားခြင်းပဲ ဖြစ်တယ်လို့လည်း အဲဒီ နီးစပ်သူများက ဆိုကြပါတယ်။</p><p>“ အစိုးရ အဆင့်မြင့်အရာရှိတွေထဲမှာ အရင်စနစ်ဟောင်းက အကြွင်းအကျန်တစ်ခု ဖြစ်တဲ့ ငွေကြေး ရောဂဗေဒပညာရှင်တစ်ဦး ရှိတယ်” လို့ ဒေါက်တာတာနယ်လ်က ဆိုပါတယ်။<br />အစိုးရ သတင်းရပ်ကွက်အဆိုအရ အထူးသဖြင့် သမ္မတရုံးဝန်ကြီးများအပါအဝင် ဝန်ကြီးတချို့က ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက မျက်နှာပျက်စရာတစ်ခု ဖြစ်နိုင်ပြီး တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ယုံကြည်မှုနည်းပါးကြောင်း ဖော်ပြခြင်း ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ တချို့အတွက်တော့ တည်ငြိမ်တဲ့ ငွေကြေးလဲလှယ်မှုဟာ အမျိုးသားရေး ဂုဏ်တစ်ရပ် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။</p><p>ဗဟိုဘဏ်က ကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်တဲ့ ဝန်ဆောင်မှုကို ဖွင့်ပေးခဲ့ပေမဲ့ လည်း နှစ်မျိုးစပ်နည်းလမ်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ တင်ကြိုသတ်မှတ်ထားသော နှုန်းထားတစ်ရပ် အတွင်း လမ်းလွဲသွားစေမယ့် မှောင်ခိုဈေးကွက် နှုန်းထားဖြစ်တဲ့ လမ်းပေါ်ပေါက်ဈေးနဲ့ ဗဟိုဘဏ်တို့က ကျောထောက်နောက်ခံပြုထားတဲ့ နှုန်းထားတစ်ရပ်ကို ဆိုလိုခြင်းပါ။ ဒါဟာ တရားဝင် ငွေကြေးလဲလှယ်ရေး ကောင်တာတွေကို တရားဝင်နှုန်းနဲ့ ကျိန်းသေပေါက် ဒေါ်လာ ဝယ်စေပေမဲ့လည်း တရားဝင်နှုန်းနဲ့ ဒေါ်လာ ရောင်းချဖို့အတွက်ကိုတော့ လက်တွန့်စေပါတယ်။ အဲဒီကောင်တာတွေက တရားမဝင် ငွေကြေးကုန်သည်တွေ ဆီကို ပိုမြင့်တဲ့ “မှောင်ခိုဈေးကွက်နှုန်းထား” နဲ့ ရောင်းချဖို့ကို ပိုမိုနှစ်သက်ကြလို့ပါ။</p><p>အခုလိုနှုန်းထားနှစ်မျိုး ဖြစ်နေခြင်းအပေါ် ဒီအတိုင်း ကြည့်နေမယ်ဆိုရင် မှောင်ခိုဈေးကွက်က ပိုမို အားကောင်းလာပါလိမ့်မယ်။<br />အဖြေကတော့ ရေရှည်စီးပွားရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေနဲ့ လဲလှယ်ရောင်းဝယ်ခွင့်ပြုခြင်းပါပဲ။ ဒါပေမယ့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်မှာ အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။</p><p>ဗဟိုဘဏ်ရဲ့ အကန့်အသတ်ရှိတဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ကျပ်ငွေဈေးနှုန်း တည်ငြိမ်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တစ်ဒေါ်လာကို ကျပ် ၁,၁၂၀ ခန့် ရှိနေပါတယ်။ သို့ပေမဲ့ ငွေကြေးဈေးကွက် သုံးသပ်သူတွေက အောက်တိုဘာလမှာ တစ်ဒေါ်လာကို ကျပ် ၁,၅၀၀ နဲ့ ၁,၆၀၀ အကြား ပေါက်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုလို အလားအလာမျိုးက ကဏ္ဍမျိုးစုံက စီးပွားရေးလုပ်ငန်းတွေအပေါ် အံ့သြဖွယ်ရာ ရိုက်ခတ်မှုတစ်ခု ဖြစ်လာစေမှာ ဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လေးနက်တဲ့ အခက်အခဲတွေကို ဖန်တီးပေးပါလိမ့်မယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ လိုအပ်ချက်တွေ မြင့်တက်လာနိုင်လို့ပါ။</p><p>ဗဟိုဘဏ်အနေနဲ့ အခုအခြေအနေကို ပြေပျောက်စေမယ့် ဆောင်ရွက်မှုကို ပြုလုပ်ဖို့ အချိန်တန်ပြီလို့ မြန်မာ့ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးသမား တော်တော်များများက ယုံကြည်နေပါတယ်။<br />“ တစ်ခုတည်းသော အဖြေကတော့ ကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေနဲ့ လဲလှယ် ရောင်းဝယ်ခွင့်ပြုဖို့နဲ့ ကျပ်ငွေရဲ့တန်ဖိုးအမှန်ကို ဈေးကွက်ကိုပဲ ဆုံးဖြတ်ခိုင်းသင့်ပါတယ်” လို့ ဒေါက်တာ တာနယ်လ်က ဆိုပါတယ်။<br />“ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက မြန်မာ့စီးပွားရေးအတွက် လုံးဝဥဿုံ ကောင်းမွန်စေမှာ ဖြစ်ပြီး ပိုမို ပြိုင်ဆိုင်မှု ရှိစေဖို့အတွက် အထောက်အကူ ပြုပါလိမ့်မယ်” လို့လည်း မစ္စတာတာနယ်လ်က ဆိုပါတယ်။</p><p><em>အောင်မင်း ဘာသာပြန်သည်။</em></p></body>

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar