စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများသည် ဆန္ဒပြသူတစ်ဦး၏ သေဆုံးမှုဆိုင်ရာ မေးခွန်းများ အပါအဝင် နစ်နာချက်များကို ဆွေးနွေးရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သူများနှင့် တွေ့ဆုံလျက်ရှိသည်။
Vani Sathisan ရေးသားသည်။
တရုတ်ကုမ္ပဏီက ရင်းနှီးမြှတ်နှံလုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် တရုတ်ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန် ပြောကြားထားသည်ဟု တရုတ်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသတ္တုတွင်းတွင် ထုတ်လုပ်ရေး လုပ်ငန်းများကို မေလတွင် စတင်ရန် မျှော်မှန်းထားသည်ဟု ယခုနှစ်အစောပိုင်းက ပြောကြားထားသည်