In photos: ပုံမှန်အခြေအနေသစ်နှင့် မြို့တော်ရန်ကုန်

စာသားနှင့် ဓာတ်ပုံ – ခွန်လတ်

နှစ်လကြာ ကန့်သတ်ပိတ်ဆို့မှုများအပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိအောင်ထိန်းချုပ်မှုနှင့်အတူ ပုံမှန်ဘဝသစ်ကို ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သည့် စီးပွားရေးအချက်အချာ ရန်ကုန်မြို့တော်ကြီးကိုတွေ့ရသည်။

ဇွန် ၁၀ ရက်နှင့် ဧပြီ ၁၂ ရက်က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှ ဘတ်စ်ကားမှတ်တိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၀ ရက်နှင့် ဧပြီ ၁၂ ရက်က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှ ဘတ်စ်ကားမှတ်တိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

လမ်းပေါ်တွင် ဈေးသည်များ၊ လမ်းလျှောက်သူများနှင့် ပြန်လည်စည်ကားလျက် ယာဉ်များလည်း မောင်းနှင်သွားလာနေကြပြီဖြစ်သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန်၊ ခပ်ခွာခွာနေထိုင်ခြင်း Social Distancing နှင့် အခြားကြိုတင်ကာကွယ်မှုများဖြင့် ရုံးများ၊ ဈေးဝယ်စင်တာများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဘားနှင့် ဘီယာဆိုင်များလည်း ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ရုပ်ရှင်ရုံများ၊ နိုက်ကလပ်များနှင့် ကာရာအိုကေများ ပိတ်ထားဆဲဖြစ်သည်။

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၃ ရက်က ရန်ကုန်မြို့၊ လှည်းတန်းဂျန်းရှင်းအနီး အင်းစိန်နှင့် ပြည်လမ်းခုံးကျော်တံတားကို တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၃ ရက်က ရန်ကုန်မြို့၊ လှည်းတန်းဂျန်းရှင်းအနီး အင်းစိန်နှင့် ပြည်လမ်းခုံးကျော်တံတားကို တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

ကိုဗစ် ၁၉ ရောဂါကို ကြောက်ရွံ့မှုလျော့ကျလာသည်နှင့်အမျှ ရန်ကုန်မြို့တော်တွင် စိတ်နေသဘောထားများ ပြောင်းလဲစေခဲ့သည်။ ပထမဆုံးအကြိမ် အတည်ပြုခဲ့သော ရောဂါဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့ချိန်က လမ်းများမှာ ချောက်ချားဖွယ်ကောင်းလောက်အောင် ဗလာကျင်း ဟင်းလင်းဖြစ်နေခဲ့ပြီး ရန်ကုန်မြို့အနေအထားမှာလည်း မှိုင်းညို့နေခဲ့သည်။

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၃ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၃ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

ရောဂါကူးစက်မှုအသစ်များ ထပ်မံတိုးပွားလာခြင်းမရှိဘဲ ရောဂါကူးစက်မှုများ လျော့ပါးသွားသည်နှင့်အမျှ အစိုးရသည် ယခင်ရက်သတ္တပတ်များက ချမှတ်ခဲ့သော ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

မေ ၁၅ ရက်တွင် ညမထွက်ရ အမိန့်ကို နံနက် ၁၂ နာရီ မှ မနက် လေးနာရီအထိ ပြင်ဆင်ခဲ့ပြီး ဇွန်လ ၁ ရက်၌ ဘားနှင့် စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုကာ ရန်ကုန်မြို့ရှိ မြို့နယ် ၁၀ ခုတွင် အသွားအလာ ထိန်းချုပ် ကန့်သတ်ထားမှုကို အများစု ရုပ်သိမ်းလိုက်ပြီး အင်းစိန်မြို့နယ်ကိုသာ အိမ်၌နေထိုင်ရန်အမိန့်များ ဆက်လက်ထားရှိသည်။ သို့တိုင် အင်းစိန်တွင် ပိတ်ဆို့အရေးယူခြင်း အနည်းငယ်မျှသာရှိပြီး စီးပွားရေးလုပ်ငန်းအများစု ပြန်လည်ဖွင့်လှစ်နေဖွယ်ရှိသည်။

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၂ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမအနီး လူသွားလမ်းပေါ်၌ အသွားအလာရှင်းလင်းလျက်ရှိစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၂ ရက်နှင့် ဧပြီ ၁၂ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမအနီး လူသွားလမ်းပေါ်၌ အသွားအလာရှင်းလင်းလျက်ရှိစဉ်။ ဓာတ်ပုံ – ခွန်လတ်

လူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို ထိန်းချုပ်ရန် အရေးကြီးပုံကို အလေးထားဖော်ပြသည့် အများပြည်သူ ကျန်းမာရေးသတိပေးချက်များကို ရက်သတ္တပတ်အနည်းငယ်အကြာတွင် လူအများစုက နားထောင်ချင်ပုံ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရောဂါကူးစက်ခံစားနိုင်သည့် အန္တရာယ်ထက် သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး ပိုမိုစိုးရိမ်ပူပန်လာခြင်းဖြစ်နိုင်သည်။ ဇွန် ၁ ရက်နှင့် ဧပြီ ၁၁ ရက်က ရန်ကုန်မြို့လယ်ဗိုလ်ချုပ်လမ်းကို ဝိဇယရုပ်ရှင်ရုံဘက်ခြမ်းမှ တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁ ရက်နှင့် ဧပြီ ၁၁ ရက်က ရန်ကုန်မြို့လယ်ဗိုလ်ချုပ်လမ်းကို ဝိဇယရုပ်ရှင်ရုံဘက်ခြမ်းမှ တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု ၂၆၃ ခုရှိခဲ့ပြီး အဆိုပါလူနာများ အနက် ၁၆၇ ဦး ရောဂါခံစားရမှုမှ သက်သာလာပြီး ခြောက်ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ထပ်မံတွေ့ရှိသည့် ရောဂါကူးစက်မှုအသစ်များမှာ များသောအားဖြင့် နိုင်ငံရပ်ခြားမှ ပြန်လာသူများတွင် တွေ့ရသော်လည်း လတ်တလောတွင် ပြည်တွင်းကူးစက်မှု အရင်းအမြစ်ကို မသိရှရိသေးကြောင်းသိရသည်။ဇွန် ၁၀ ရက်နှင့် ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှ လမ်းသွယ်ကို အသွားအလာကန့်သတ်ထားစဉ်က တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၀ ရက်နှင့် ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှ လမ်းသွယ်ကို အသွားအလာကန့်သတ်ထားစဉ်က တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

မြို့လယ်ခေါင် ပတ်ဝန်းကျင်အခြေအနေက လွန်ခဲ့သောလ အနည်းငယ်ခန့်က အခြေအနေသို့ ပြန်မရောက်သေးပေ။ နေရာတိုင်းတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အကြီးဆုံးကပ်ရောဂါအကြောင်း သတိပေးချက်များကို တွေ့ရှိရသည်။ လူတိုင်းနီးပါး (ဒဏ်ကြေးငွေကျပ် ၅,၀၀၀ ကြောင့်) နှာခေါင်းစီးတပ်ထားကြပြီး ဈေးဝယ်စင်တာများ၊ ရုံးများ၊ မီးရထားဘူတာရုံများနှင့် ဟိုတယ်များသို့ ဝင်ရောက်သူတိုင်း ကိုယ်အပူချိန် စစ်ဆေးခံကြရသည်။

ပုံမှန်အခြေအနေသစ်က ကြိုဆိုပါ၏။

ခန့်လင်းဦး ဘာသာပြန်သည်။

ဇွန် ၁၃ ရက်နှင့် ဧပြီ ၁၁ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ။ ဓာတ်ပုံ - ခွန်လတ်

ဇွန် ၁၃ ရက်နှင့် ဧပြီ ၁၁ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ။ ဓာတ်ပုံ – ခွန်လတ်

ခေါင်းစီးဓာတ်ပုံ – မေလ ၄ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နှာခေါင်းစီး Mask တပ်ဆင်ထားသည့်ဝန်ထမ်းများ မြို့တော်ခန်းမမှ နေအိမ်ပြန်ရန် ရုံးဆင်းလာကြစဉ်။ ဓာတ်ပုံ – ခွန်လတ်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.