အမေရိကန်သမ္မတ ဘာရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို အောက်တိုဘာလအတွင်း ပယ်ဖျက်လိုက်သောအခါ ဤကိစ္စမှာ မြန်မာ့စီးပွားရေး အနာဂတ်အတွက် တိုးတက်မှုတစ်ရပ်အဖြစ် လူများစွာက ရှုမြင်ခဲ့ကြသည်။ သို့သော် အရေးယူ ပိတ်ဆို့မှုများကို နှစ်ရှည်လများ ဆန့်ကျင်ဝေဖန်ခဲ့သူ မစ္စတာ အဲရစ် ရို့စ်က ဆက်လက်တည်ရှိနေသော တားမြစ်ကန့်သတ်ချက်များမှာ အခက်အခဲများ ဖြစ်နေသကဲ့သို့ မြန်မာ့အိမ်နီးချင်းနိုင်ငံများစွာ၏ သံသယဖြစ်ဖွယ်ရာ ဒီမိုကရေစီ အရည်အသွေးများအောက်တွင် ကြောင်းကျိုးဆီလျော်သည်ဟု မှတ်ယူရန် ခက်ခဲကြောင်း ငြင်းချက်ထုတ်လျက်ရှိသည်။ အမေရိကန်မှာ ဒေါ်နယ်ထရန့်ခေတ်သို့ ဝင်ရောက်နေချိန်တွင် မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့သည့် ပထမဆုံး အမေရိကန်အခြေစိုက် ဥပဒေရေးရာအဖွဲ့ဖြစ်သည့် ဟာ့ဒ်ဇ်ဖဲ့ ရူဘင် မေယာအင်န် ရို့စ် Herzfeld Rubin Meyer & Rose ၏ ဦးဆောင်ဒါရိုက်တာ မစ္စတာရို့စ်က Frontier ဆောင်းပါးရှင် ပီတာ ဂျင်ဆင် နှင့်အတူ အရေးယူပိတ်ဆို့မှုများအကြောင်း ဆွေးနွေးခဲ့ပါသည်။
ပီတာ ဂျင်ဆင် ရေးသားသည်။