၂၀၁၆၊ ဖေဖော်ဝါရီ၈ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တက်ရောက်လာကြသည့် အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များကို မြင်တွေ့ရစဉ်။ (အင်န်ဝေါင် | ဖရွန်းတီးယားမြန်မာ)

သမ္မတကို မတ် ၁၇ တွင် ရွေးကောက် တင်မြှောက်မည်

သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မှုကို မတ် ၁၇ ရက်တွင် ပြုလုပ်သွားမည်ဟု ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ရွေးချယ်ရန် အစုအဖွဲ့သုံးခုဖြစ်သည့် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း တစ်ဦးစီကို အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင် ဒုသမ္မတလောင်းသုံးဦးထဲမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်ကာ ကျန်နှစ်ဦးမှာ ဒုသမ္မတများ ဖြစ်လာမည်ဖြစ်သည်။

သမ္မတနှင့် ဒုသမ္မတများ ရွေးကာက်တင်မြှောက်ပြီးပါက ပြည်ထောင်စုဝန်ကြီးများ ရွေးချယ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး လက်ရှိအစိုးရထံမှ တာဝန်လွှဲပြောင်းရယူရမည် ဖြစ်သည်။ လက်ရှိ အစိုးရသက်တမ်းသည် မတ် ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

သတင်း- မြတ်ကျော်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.