အမတ် ၄၉၂ ဦးသဘောတူပါက အခြေခံဥပဒေပြင်ဆင်နိုင်မည်

နန္ဒ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော်ကသဘောတူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မည်ဖြစ်သည်။

ယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အစီရင်ခံစာ ဖတ်ကြားစဉ် အဆိုပါကိန်းဂဏန်းကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ ၆၅၄ ဦးဖြစ်သည်။ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈၈ ဦးနှင့်အလိုအလျှောက်နေရာရထားသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးဖြစ်သည်။(ယခင်က ၆၅၅ ဦးဖြစ်သော်လည်း အောင်လံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်သည် ဖေဖော်ဝါရီ ၆ ရက်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

သင်္ချာနည်းအရတွက်ချက်ပါက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးက သဘောတူပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မည်ဖြစ်သည်။

လက်တွေ့တွင်မူရွေးကောက်တင်မြှောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံးသဘောတူမှုရရန်လွှတ်တော်ထဲတွင်ကိုယ်စားလှယ်အများစုနေရာရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ခိုင်ဖြိုးပါတီ၊တိုင်းရင်းသားပါတီများနှင့်တစ်သီးပုဂ္ဂလအမတ်အချို့ကို ဦးစွာစည်းရုံးနိုင်ရန်လိုအပ်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်တွင် အဆုံးအဖြတ်ရယူရာ၌ “ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်စွာဆန္ဒမဲပေးသည့်နည်းလမ်းကိုအသုံးပြုသင့်”ကြောင်း ကော်မတီကအစီရင်ခံသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းမှာ ၇ ခုအထိရှိနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်ခိုင်ဖြိုးနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့က တင်သွင်းထားခြင်းဖြစ်ပြီး ပုဒ်မစုစုပေါင်း ၁၄၂ ခုအထိပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်သဘောတူမှသာပြင်ဆင်နိုင်မည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.