အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးစီမံချက် အင်းလေး၌ စတင်

အင်းလေးကန်ဒေသရဲ့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေတဲ့ သဘာဝအလှအပတွေကို ချိန်းခြောက်နေတဲ့ အညစ်အကြေး စွန့်ပစ်မှုပြဿနာကို ဖြေရှင်းဖို့ အစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အင်းလေးကန်က လူအသွားအလာအများဆုံးဖြစ်တဲ့ ညောင်ရွှေမြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ညောင်ရွှေမြို့ကို လာရောက်သူ အလွန်များပြားလာခဲ့ပေမယ့် ဒီလိုများပြားလာတဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးဖို့ မြို့ဟာ ရုန်းကန်နေရပါတယ်။

အဓိကဖြစ်နေတဲ့အချက်ကတော့ အမှိုက်စွန့်ပစ်ဖို့ နေရာအခက်အခဲ ရှိနေတာဖြစ်ပါတယ်။ ဒေသခံ နေထိုင်သူအများစုကလည်း အင်းလေးကန်ရဲ့ ထောင့်တွေမှာသာ အမှိုက်တွေကို စွန့်ပစ်လေ့ရှိပါတယ်။

အဆင့် သုံးဆင့်ပါတဲ့ ဒီအစီအစဉ်ကို နော်ဝေအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ Partnership for Change အဖွဲ့က ဒေသခံအဖွဲ့ဖြစ်တဲ့ Inle Speaks ကတစ်ဆင့် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အိမ်ခြေ ၄၅၀ ရှိတဲ့ ညောင်ရွှေမြို့က အကြီးဆုံး ရပ်ကွက်ဖြစ်တဲ့ မိုင်လီမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပထမအဆင့်မှာတော့ Inle Speaks ကနေ အမှိုက်ပုံးများ ပြုလုပ်ကာ ဖြန့်ဝေခြင်းဖြစ်ပါတယ်။ အစီအစဉ်ရဲ့ ဒုတိယအဆင့်အနေနဲ့ ဒေသအတွင်း အမှိုက်မီးမရှို့ဖို့ ဇုန်တွေသတ်မှတ်ကာ ဒေသခံတွေကို တိုက်တွန်းဖို့ဖြစ်ပြီး အဆင့်သုံးမှာတော့ အမှိုက်တွေကို အမှိုက်စို၊ အမှိုက်ခြောက်နဲ့ ပလတ်စတစ် အမှိုက်များအဖြစ် ခွဲခြားသွားဖို့ ဖြစ်ပါတယ်။

“မြို့ရဲ့ နေရာတိုင်းမှာ အမှိုက်တွေရှိနေတာက ပတ်ဝန်းကျင်သာမက လူတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်သူတွေကိုလည်း စိတ်မသက်မသာ ဖြစ်စေနိုင်တဲ့အတွက် စီးပွားရေးအရလည်း ထိခိုက်လာနိုင်ပါတယ်”လို့ Inle Speaks ရဲ့ မန်နေဂျာဖြစ်သူ Oscar Haugejorden က Frontier ကို ပြောကြားခဲ့ပါတယ်။

“တစ်ခုခုမလုပ်ရင်တော့ ပတ်ဝန်းကျင်နဲ့ စီးပွားရေးထိခိုက်မှုက ပိုဆိုးလာလိမ့်မယ်”လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

အမှိုက်တစ်ခုတည်းကသာ ပြဿနာမဟုတ်ဘဲ အင်းလေးကန်ရဲ့ ရေအရည်အသွေးကလည်း လွန်ခဲ့တဲ့နှစ်များက စပြီးကျဆင်းလာတဲ့အတွက် နေထိုင်သူတွေကလည်း အင်းလေးကန်ရှိရေများကို သောက်သုံးရေအဖြစ် သုံးစွဲခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ မြန်မာ့ငါးလုပ်ငန်းကနေ ၂၀၁၂ ခုနှစ်က ထုတ်ပြန်ချက်အရ အင်းလေးကန်ရဲ့ ရေအရည်အသွေးက pH 9.05 ပျှမ်းမျှရှိနေတယ်လို့ သိရပါတယ်။

သတင်း- အိုလီဗာဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.